နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ KHRW တောင်းဆို

နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ KHRW တောင်းဆို

နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့ ၇၇ နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ကချင်လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(KHRW) က တောင်းဆိုလိုက်ပါတယ်။

အထက်ပါအချက်အပါအဝင် အချက် ၄ ချက် တောင်းဆိုခဲ့တာဖြစ်ပြီး စစ်ကော်မရှင်အနေနဲ့ ပြည်သူလူထုများအပေါ် ကျူးလွန်ချိုးဖောက်ခဲ့တဲ့ အမှုများကို တာဝန်ယူ တာဝန်ခံဖို့၊ နိုင်ငံတကာတရားစစ်ခုံရုံးမှ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့နဲ့ စစ်ကော်မရှင်ကို ထောက်ပံ့ပေးနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့၊ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးတာနဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေကို ရပ်တန့်ဖို့နဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်သူအားလုံးရဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေ လေးစားလိုက်နာဖို့-စတဲ့ တောင်းဆိုချက်တွေ ဖြစ်ပါတယ်။

“အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့”ကို နိုင်ငံတကာမှာ လွတ်လပ်စွာကျင်းပနိုင်ပေမဲ့ မြန်မာတစ်နိုင်ငံလုံး အပါအဝင် ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကော်မရှင်ဟာ နိုင်ငံကို အကြမ်းဖက်စွာ အုပ်ချုပ်မှုကြောင့် ပြည်သူတွေဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ပဋိပက္ခတွေနဲ့အတူ ဒုက္ခဆင်းရဲ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့အပြင် အသက်တွေလည်း ဆုံးရှုံးခဲ့ရပြီး လူ့အသိုင်းအဝိုင်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။

စစ်ကော်မရှင်ဟာ ၄ နှစ်ကျော်(၅ နှစ်နီးပါး) အုပ်ချုပ်တဲ့အချိန် ကလေးငယ်တွေအပါအဝင် ပြည်သူတွေကို မတရားဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ဘာသာရေး အဆောက်အဦးတွေကို ဗုံးကြဲတိုက်ခိုက်တာ၊ သွားလာခွင့် ပိတ်ပင်တာနဲ့ သတင်းအမှောင်းတာ- စတဲ့ အခွင့်အရေးတွေကို ကျူးလွန်ချိုးဖောက်နေတယ်လို့လည်း ထောက်ပြထားပါတယ်။

ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အတွက် ဆောင်ပုဒ်ကတော့ “ငါတို့အသံ၊ ငါတို့တိုက်ပွဲ၊ငါတို့အခွင့်အရေး” “Our Voice, Our Fight, Our Rights” ဖြစ်ပါတယ်။

လူ့အခွင့်အရေး ကြေညာစာတမ်းကို ကုလသမဂ္ဂကနေ ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပြီး အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

June 13, 2026
တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တိမ်ခိုးတွေနဲ့ရစ်ပတ်နေတဲ့ ယူနန်တောင်တန်းကြီးတွေကြားမှာ...
June 12, 2026
စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မသင်တန်းပို့ခံရတဲ့ သူအရေအတွက်ဟာ ကချင်ပြည်နယ်မှာ ၄၆၉ ယောက်...
June 11, 2026
မြန်မာမှာ ကက်သလစ် သာသနာပိုင်နယ်မြေ ၁၇ ခု ရှိတဲ့အနက် နယ်မြေ ၅ ခုက ဘုန်းတော်ကြီးတွေဟာ...
June 10, 2026
ဇွန် ၉ ရက်ဟာ ကချင်ဒေသမှာ တစ်ကျော့ပြန်စစ်ပွဲဖြစ်ခဲ့တာ ၁၅ နှစ်တိတိပြည့်တဲ့နေ့ပါ။...