စဉ့်ကူးတွင် ၁ ရက်တည်း ရွာ ၄ ရွာ လေကြောင်းတိုက်ခိုက်ခံရ ၊ စစ်ရှောင်များ အပါ ၇ ဦးသေဆုံး

စဉ့်ကူးတွင် ၁ ရက်တည်း ရွာ ၄ ရွာ လေကြောင်းတိုက်ခိုက်ခံရ ၊ စစ်ရှောင်များ အပါ ၇ ဦးသေဆုံး

မန္တလေးတိုင်း ၊ စဥ့်ကူးမြို့နယ်တွင် ကျေးရွာ လေး ရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်များအပါ ဒေသခံ ခုနစ်ဦး သေဆုံးသွားကြောင်း မြို့နယ် (ပကဖ) အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာလ ၂၇ ရက်)တွင် မိတ္ထီလာ လေတပ်စခန်းမှ တက်လာသည့် ဂျက်ဖိုက်တာ လေယာဥ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း သိရသည်။

မနက်ပိုင်းတွင် ဝါးရုံကုန်း ကျေးရွာ ဘုန်းတော် ကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ငါး ဦးသေဆုံးပြီး ၁၀ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း စဉ့်ကူးမြို့နယ် (ပကဖ) သတင်းတာဝန်ခံ ကိုသံမဏိ က ပြောသည်။

၄င်းက “အဲ့ ဘုန်းကြီးကျောင်းမှာက စစ်ဘေးရှောင်တွေ ရှိတယ်။ ဥပုသ် နေ့လည်းဖြစ်တော့ သီလပေး နေတဲ့အချိန် AS (Air Strike) လုပ်သွားတော့ အထိအခိုက်များတယ်” ဟု ပြောသည်။

ညနေ ၄ နာရီ မိနစ် ၃၀ တွင် ပင်လယ်ကြီးရွာ ၊ လျှောက်ပင်ရိုးရွာနှင့် ပျင်းပင်ရွာ တို့အား လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ စစ်ရှောင်ပြည်သူ နှစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ် (ပကဖ) အဖွဲ့ ထံက သိရသည်။

“ကျွန်တော်တို့ မြို့နယ်ဘက်ကို AS (Air Strike) လုပ်တာတွေ ရှိတယ် ။ ဆူဆိုက် ဒရုန်းတွေ နဲ့ တိုက်ခိုက်တာတွေ ရှိတယ် အထူးသဖြင့် စစ်ဘေးရှောင် တွေ ရှိတဲ့ နေရာ တော် တော် များ ကို ရည်ရွယ်ပြီးတော့ လုပ်နေပါတယ်” ဟု ပြောသည်။

စစ်ကော်မရှင်တပ်ဖွဲ့ သည် မတ္တရာမြို့ နယ်အတွင်းရှိ ၎င်းတို့ ဆုံးရှုံးထားရသည့် စစ်စခန်းများကို ပြန်လည် ရရှိ ရေး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ထို့ကြောင့် မတ္တရာမြို့နယ်အတွင်းမှ ဒေသခံပြည်သူ အများအပြားသည် စဉ့်ကူးမြို့နယ်ဘက် စစ်ရှောင်နေကြခြင်းဖြစ်သည်။

စစ်ကော်မရှင်တပ်ဖွဲ့ သည် စဉ့်ကူးမြို့နယ် အတွင်း ရှိ ကျေးရွာများ နှင့် စစ်ဘေးရှောင်များ နေထိုင်သည့် ဘုန်ကြီးကျောင်းများ ကို ပစ်မှတ်ထား၍ လေကြောင်းမှ ဗုံးကြဲခြင်း ၊ ဒရုန်းများဖြင့် ဗုံးသီး ကြဲချ တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။ ထို့ကြောင့် ဒေသခံများနှင့် စစ်ရှောင်များ အနေဖြင့် မြို့နယ်မှ ထုတ်လွှင့်ပေးနေသည့် လေကြောင်း သတင်းများကို နားထောင်ပြီး ဘေးလွတ်ရာ နေရာများ နှင့် ပုန်းခိုကျင်းများတွင် ရှောင်ရှားကြရန် မြို့နယ်(ပကဖ) အဖွဲ့က တိုက်တွန်းထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့ ကလည်း စဉ့်ကူးမြို့နယ် မာလဲကျေးရွာရှိ စစ်ဘေးရှောင်များနေထိုင်ရာ စာသင်ကျောင်းကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် ငါးဦး သေဆုံးပြီး ငါးဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်းသိရသည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...