ဧရာ၀တီတိုင်း ရွှေသောင်ယံအနီးတွင် တိုက်ပွဲများ ပြင်းထန်နေပြီး ဂွကမ်းခြေတစ်လျှောက်ကိုလည်း နေဗီများက အမြောက်များဖြင့် ပစ်ခတ်

ဧရာ၀တီတိုင်း ရွှေသောင်ယံအနီးတွင် တိုက်ပွဲများ ပြင်းထန်နေပြီး ဂွကမ်းခြေတစ်လျှောက်ကိုလည်း နေဗီများက အမြောက်များဖြင့် ပစ်ခတ်

ဧရာ၀တီတိုင်း ရွှေသောင်ယံနှင့် သာပေါင်းမြို့နယ်စပ်တွင် အကြမ်းဖက်စစ်တပ်နှင့် အာရက္ခတပ်တော်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး ဂွကမ်းခြေတစ်လျှောက်ကိုလည်း အကြမ်းဖက်ရေတပ်နေဗီများမှ အမြောက်များဖြင့် ပစ်ခတ်နေသည်ဟု သတင်းရရှိသည်။

လက်ရှိ တိုက်ပွဲများသည် ရွှေသောင်ယံမြို့အနီးမှ မကျီးစင်ရွာနှင့် သာပေါင်းမြို့နယ်ထဲမှ သဲဖြူရွာဘက်တို့တွင် အပြင်းအထန် ဖြစ်နေသည်ဟု သိရသည်။

အဆိုပါတိုက်ပွဲများနှင့် ပတ်သက်ပြီး ဒေသခံများကို ကိုးကားပြီး People’s Spring တွင်လည်း သတင်းဖော်ပြသည်။

သာပေါင်းမြို့ဒေသခံများသည် သဲဖြူနှင့် မကျည်းစင်ဘက်က လက်နက်ကြီး ပစ်ခတ်သံများကို ကြားနေရပြီး ယခုရက်ပိုင်းတွင် ပိုကြားလာရပြီး တိုက်ပွဲများပြင်းထန်နေသည်ဟု ဆိုသည်။

၂၀၂၄ ဒီဇင်ဘာလအတွင်း ဂွမြို့ကို AA က သိမ်းယူခဲ့ပြီးနောက်ပိုင်း ဧရာ၀တီတိုင်း၊ ပုသိမ်ခရိုင်အတွင်းက ရွှေသောင်ယံအနီးရှိ ဘောမိနှင့် မကျီးစင်ရွာတို့ကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက် ထိန်းချုပ်ခဲ့ပြီးနောက် ယခုတိုက်ပွဲများ အဆိုပါ နေရာများတွင် တစ်ဖန် ဖြစ်ပွားလာသည်ဟု သိရသည်။

အာရက္ခတပ်တော် (AA) ၏ သတင်းနှင့် ပြန်ကြားရေးက နိုဝင်ဘာလ ၁၁ ရက်နေ့ သတင်းထုတ်ပြန်ရာတွင်လည်း သာပေါင်းမြို့နယ် သာပေါင်းကလေးကျေးရွာပတ်ဝန်းတွင် တိုက်ပွဲများ ပြင်းထန်နေပြီး ၎င်းတိုက်ပွဲအတွင်း တပ်မ (၆၆) လက်အောက်ခံ တပ်ရင်းများ ဖြစ်ကြသည့် ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀) နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်လက်အောက်ခံ တပ်ရင်းများဖြစ်ကြသည့် ခလရ (၆၃)၊ ခလရ (၂၇၁) တို့ ရှိနေသည်ဟု AA ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

၎င်းပြင် အကြမ်ဖက်စစ်အုပ်စု၏ နေဗီများသည် ယခုရက်ပိုင်းတွင် ဂွမြို့နယ်အတွင်းက အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ နေ့စဉ် ပြုလုပ်နေသည်ဟု သိရသည်။

နိုဝင်ဘာ ၂၂ ရက် ည ၁၀ နာရီ ၄၀ မိနစ်ခန့်တွင်လည်း ပင်လယ်ပြင်ထဲမှ အကြမ်းဖက် ရေတပ်မှ နေဗီ ၃ စီးသည် လက်နက်ကြီးဖြင့် ဂွမြို့နယ် လူနေရပ်ရွာများကို ဦးတည်၍ (၁၅) ကြိမ်တိတိ ပစ်ခတ်ခဲ့သည်ဟု APM တွင် သတင်းဖော်ပြထားသည်။

နေဗီများက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည် ဂွချောင်းမကြီးအဝရှိ ရေလယ်ကျောက်ပုံအနား၌ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

နိုဝင်ဘာ ၂၁ ရက် နေ့လယ်ကလည်း အကြမ်းဖက်လေတပ်က ဂွမြို့နယ်၊ ကျိန္တလီမြိုကို ဗုံး ၂ လုံး ကြဲချခဲ့၍ ကလေးငယ်တစ်ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်။

အဆိုပါနေ့ နေ့လယ် ၁၂ နာရီခန့်ကလည်း ဂွပင်လယ်ပြင်ရှိ အကြမ်းဖက်ရေတပ်နေဗီမှ လက်နက်ကြီးဖြင့် ဂွမြို့အား (၁၀) ကြိမ် ပစ်ခတ်ခဲ့ပြီး အများစု လက်နက်ကြီးကျည်များမှာ ဂွမြို့ ဆိပ်ကမ်းအနီး ဂွချောင်းမကြီးသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

အလားတူ နိုဝက်ဘာ ၂၀ ရက် ၁၀ နာရီအချိန်ကလည်း အကြမ်းဖက် ရေတပ်နေဗီက ဂွမြို့ကို ဦးတည်၍ လက်နက်ကြီးဖြင့် (၅) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း APM တွင် ဆက်လက် သတင်းဖော်ပြထားသည်။

Most read this week

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...