မော်ချီးက နေရာသုံးခုကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ၊ ပြည်သူထိခိုက်သေဆုံးမှုရှိ

မော်ချီးက နေရာသုံးခုကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ၊ ပြည်သူထိခိုက်သေဆုံးမှုရှိ
Photo credit - CJ
Photo credit - CJ

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်က မော်ချီးဒေသကို စစ်ကော်မရှင်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူ ထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ မနက် ၉ နာရီကျော်အချိန်မှာ မော်ချီးဒေသအတွင်းက နေရာသုံးခုကို ၃ ကြိမ်ခန့် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“လေယာဉ်ကြဲသွားတာက ဒီမနက် ၉ နာရီခွဲလောက်ပေါ့။ မြူတွေကလည်း ကျတာပေါ့နော်။ အဲ့ချိန်မှာ လာကြဲသွားတာ ကျနော်တို့ နေတဲ့ဖက်။ အဲ့မှာ တစ်လုံးလာကြဲသွားတယ်။ အခြားဖက်တွေမှာလည်း လာကြဲသွားတယ်။ အားလုံးပေါင်း ၄ လုံးလောက် ကြဲသွားတယ်။” လို့ ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

ဗုံးကြဲမှုကြောင့် အမျိုးသား ၅ ဦး သေဆုံးခဲ့ပြီး အသက်အရွယ်နဲ့ တခြား ဒဏ်ရာရရှိမှုအခြေအနေကိုတော့ ကန္တာရဝတီတိုင်း ( မ် ) အနေနဲ့ မေးမြန်းနေဆဲ ဖြစ်ပါတယ်။

“သေဆုံးတာက ၅ ဦးပဲ သိရသေးတယ်။ အထိအခိုက်တွေလည်းရှိတယ်။လူဦးရေ မသိရသေးဘူး။‌သေဆုံး ၅ဦးက အမျိုးသားပဲသိရတယ်။ ထိခိုက်တဲ့ အထဲမှာလည်း သက်ကြီး အမျိုးသမီးတွေလည်း ပါတယ်လို့ သိရတယ်။”လို့ စစ်ရှောင်ကူညီရေးအဖွဲ့ဖြစ်တဲ့ Jobs For Kayah အသင်းတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတဲ့ နေရာတွေမှာ တိုက်ပွဲ တစ်စုံတစ်ရာ ဖြစ်ပွားတာမျိုးမရှိဘဲ အရပ်သားတွေရှိတဲ့ နေရာသာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မော်ချီးဒေသအတွင်းကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူ ၃၀ ကျော် သေဆုံးခဲ့ပါတယ်။ ကန္တာရဝတီတိုင်း ( မ် ) ရဲ့ စာရင်းအရ ၂၀၂၅ခုနှစ်အတွင်း မော်ချီးဒေသကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တာ ၁၈ ကြိမ်ထိ ရှိနေပြီဖြစ်ပါတယ်။

Most read this week

ကရင်နီပြည်တွင်း၌ ရောင်းချနေသည့် စက်သုံးဆီဆိုင်များ။ / Crd
August 18, 2026
ကရင်နီပြည်တွင်းသို့ အနောက်ဘက်ခြမ်း ဝင်ပေါက်များမှတစ်ဆင့် ပြည်တွင်းထွက် ချက်ဆီများ ရောနှောထား...
August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...