နမ့်လန် – ရပ်စောက်လမ်း စစ်ကော်မရှင်တပ်က ယာယီပိတ်ထား

နမ့်လန် – ရပ်စောက်လမ်း စစ်ကော်မရှင်တပ်က ယာယီပိတ်ထား
Photo credit - CJ
Photo credit - CJ

သျှမ်းပြည် မြောက်ပိုင်း နမ့်လန် – ရပ်စောက် သွားသည့် ပြည်ထောင်စုလမ်းပိုင်းကို  စစ်ကော်မရှင်တပ်က လမ်းများကို ယာယီပိတ်ထားကြောင်းသတင်းရရှိသည်။

ယနေ့ ( နိုဝင်ဘာလ ၁၈ ရက်) မနက်ပိုင်းမှစပြီး နမ့်လန်မြို့ မှ ရပ်စောက်သွားသည့်လမ်းပိုင်းကို စစ်ကော်မရှင်တပ်က လမ်းများကို ယာယီပိတ်လိုက်ကြောင်း နမ့်လန်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်သံတော်ဆင့်ကို ပြောသည်။

“နမ့်လန် – ကျောက်ဂူ လမ်းကတော့ ဒီနေ့ ပိတ်လိုက်ပြီ။ သွားလာလို့ မရဘူး။ လိုင်းကားတွေ ကုန်တင်ကားတွေကတော့ အဝင်အထွက် အသွားအလာကို မရတော့ဘူး။ ကွင်းလမ်းတွေက အစမရတော့ဘူး။ တောင်ယာသွားဖို့တောင် မနည်းပြော ယူရတယ်။”ဟု နမ့်လန်မြို့ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

မိုင်းရယ် – သီပေါ သွားသည့် ပြည်ထောင်စုလမ်ကြီးကိုလည်း စစ်ကော်မရှင်တပ်က ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်ကစပြီး ယာယီ ပိတ်လိုက်ခဲ့ကြောင်း သိရသည်။

“နမ့်လန်မှာရှိတဲ့ စစ်တပ်စစ်ဆေးရေးဂိတ်ရဲ့ တံတားပေါ်မှာ သဲအိတ်တွေနဲ့ လမ်းမတွေမှာ ချထားတာ။ အသေအချာကြီးကို ချထားတယ်။ သီပေါမြို့က တံတားမှာကောပဲ သဲအိတ်တွေနဲ့ ခုက သွားလာဖို့ လမ်းတွေ အကုန်ကို ပိတ်ထားတာ။” ဟု ၎င်းကဆက်ပြောသည်။  

လက်ရှိတွင် သီပေါမြို့ အဝင်အထွက် တံတား၊ နမ့်လန် – ရပ်စောက်၊ ရပ်စောက် – နောင်ချိုသွားသည့် လမ်းများကို စစ်ကော်မရှင်တပ်က လမ်းများလည်း ပိတ်ထားကြောင်း ထိုလမ်းများ ပိတ်ဆိုင်းလိုက်ခြင်းကြောင့် တိုက်ပွဲများ ပြန်ဖြစ်မှာကိုလည်း ဒေသခံများ စိုးရိမ်နေကြသည်။

“အချို့ကလည်း တိုက်ပွဲ ပြန်ဖြစ်လာမှာလားပေါ့။ သေချာတာကတော့ ကုန်စျေးနှုန်းတော့ ဆက်တက်လာနိုင်တယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယပတ်တွင်  နမ့်လန် – ရပ်စောက် ပြည်ထောင်စုလမ်းမတကြောတွင် တရုတ်နိုင်ငံ ကုန်ပစ္စည်းတင်ဆောလာသည့် ကုန်တင်ကားငယ်များကို စစ်ကော်မရှင်တပ်က စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးပြီး ဗထူးတပ်အတွင်းသို့ ထိန်းသိမ်းခဲ့ကြောင်း သိရသည်။  

ထိုဗထူးတပ်တွင် ထိန်းသိမ်းထားသည့် ကုန်တင်ကားငယ်များကို ယမန့် (နိုဝင်ဘာလ ၁၇ ရက်) တွင်ရပ်စောက် ရဲစခန်းသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...