ကျောက်ဖြူ တောင်ငူရွာဗုံးကြဲခံရ၍ အမျိုးသမီးသုံးဦးသေဆုံး၊ ကျောင်းသူနှစ်ဦးအပါအဝင် ငါးဦးထက်မနည်း ဒဏ်ရာရ

ကျောက်ဖြူ တောင်ငူရွာဗုံးကြဲခံရ၍ အမျိုးသမီးသုံးဦးသေဆုံး၊ ကျောင်းသူနှစ်ဦးအပါအဝင် ငါးဦးထက်မနည်း ဒဏ်ရာရ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ တောင်ငူရွာဗုံးကြဲခံရ၍ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသမီးသုံးဦး သေဆုံးသွားပြီး ကျောင်းသူနှစ်ဦးအပါအဝင် ငါးဦးထက်မနည်း ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူများမှာ တောင်ငူကျေးရွာမှ ဒေါ်မအောင်သာ(၇၄)နှစ်၊ ဒေါ်စုစုမာ(၄၇)နှစ်နှင့် မဝင်းစုဌေး (၁၆)နှစ်တို့ ဖြစ်သည်။

ယမန်နေ့ နိုဝင်ဘာ ၁၇ ရက်နေ့ ညအချိန်တွင် အကြမ်းဖက်လေတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀ဝ ဗုံးများကြဲချခဲ့၍ တောင်ငူရွာသို့ ကျရောက်ကာ ယခုကဲ့သို့ ထိခိုက်မှုရှိခဲ့ခြင်းဖြစ်သည်ဟု ကျောက်ဖြူဒေသခံ အမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"မနေ့က စစ်တပ်ဖက်က ကျောက်ဖြူကို ကြည်း၊ ရေ၊ လေသုံးမျိုးစလုံးနဲ့ တနေကုန်တိုက်ခိုက်တယ်။ နေ့ရော၊ ညပါမကျန် တိုက်တာ။ မနေ့ကတစ်ရက်နဲ့တင် တောင်ငူအပါအဝင် ငါးရွာ ဗုံးကြဲခံရတယ်။ တောင်ငူမှာ သုံးယောက်သေတယ်။ ငါးယောက်ထက်မနည်း ဒဏ်ရာရတယ်" ဟု ပြောသည်။

ဒဏ်ရာရရှိသူများထဲတွင် ကျောင်းသူ/ကျောင်းသားတချို့လည်းပါဝင်ပြီး ဆေးကုသမှုပေးနေရသည်ဟု မြေပြင်ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ကျောင်းသူ/ကျောင်းသားတွေပါတယ်။ ကားသမားတွေ၊ ဒေသခံတွေပါတယ်။ လက်ရှိ ဆေးကုပေးနေရတယ်" ဟု ပြောသည်။

ယမန်နေ့ နေ့လယ်ပိုင်းမှစ၍ ညအချိန်ထိ အကြမ်းဖက်လေတပ်က ကျောက်ဖြူမြို့နယ်မှ တောင်ငူကျေးရွာ၊ ကျောက်ကလေကျေးရွာ၊ လိပ်တင်ကျေးရွာ၊ မင်းရပ်ကျေးရွာနှင့် သံချောင်းရွာ စသည့် ရွာ ငါးရွာကို ဒရုန်း၊ ဂျက်ဖိုက်တာနှင့် နေဗီများမှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လိပ်တင်ကျေးရွာတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် စာသင်ကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အနီးအနားရှိ အိမ်မွေးတိရစ္ဆာန်တချို့ သေဆုံးခဲ့ရသည်ဟု အာရက္ခတပ်တော်(AA)က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ရှုံးဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်သည် ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လာနေသောကြောင့် လေကြောင်းရန်ကို ပိုမိုသတိထားကြရန်လည်း AA က ထပ်မံအသိပေးထားသည်။

July 1, 2026
မောင်စာဂ — အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ပလက်ဝအပါအဝင် ရခိုင်မှမြို့နယ်များတွင် ယခု ၂ဝ၂၆-...
“လေယာဉ်ဖြင့်ဗုံးကြဲပြီး ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်လျှင် ကျည်ဆံဖြင့်သာတုံ့ပြန်မည်” ဟု AA ပြော
June 30, 2026
ခိုင်လူလှ (ရိုးမမြေ) — စစ်အုပ်စုက လေယာဉ်ဖြင့် ဗုံးကြဲပြီး ငြိမ်းချမ်းရေး ဖိတ်ခေါ်လျှင်...
June 29, 2026
၂၀၂၆ တက္ကသိုလ်ဝင် စာမေးပွဲ၏ တစ်နိုင်ငံလုံးပထမနေရာကို ရခိုင်သူမသီရိစိုး(မနတ-၆၇၀)က ၆ ဘာသာဂုဏ်ထူး (...