မောတောင် ဒေသခံများ လေကြောင်းရန်ကြောင့် နေရပ်ပြန်ရန် ခက်ခဲ

မောတောင် ဒေသခံများ လေကြောင်းရန်ကြောင့် နေရပ်ပြန်ရန် ခက်ခဲ

တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်အုပ်စုတပ်က လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်နေ၍ နေရပ် ပြန်ရန်ခက်ခဲနေသည်ဟု ဒေသခံများနှင့် စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ မောတောင်မြို့ကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဦးဆောင်သည့် ဒေသ အခြေစိုက်တော်လှန်ရေးတပ်များက ပြီးခဲ့သည့် နိုဝင်ဘာလ(၁၄)ရက်နေ့တွင် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ ထိုနောက် စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု စစ်ရှောင်ကူညီနေသူ တစ်ဦးက ပြောသည်။

“မနေ့က မနက်(၈)နာရီဝန်းကျင်မှာ Y-12 လေယာဉ်လာတယ်။ ပြီးတော့ ဂျက်ဖိုက်တာတစ်စင်းလာတယ်။ နေ့လည်ပိုင်းမှာ ထက်လာတယ်။ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတယ်။ ဒေသခံထိခိုက်မှုတော့ မရှိသေးပါဘူး။ ဒါပေမဲ့ သူတို့က ရုတ်တရက်ရှောင်လာကြတာဆိုတော့ ဘာမှလုံလုံလောက်လောက်မပါလာဘူး။ နေရပ် မပြန်ရဲကြဘူး” ဟု ၎င်းကပြောသည်။

ထို့အပြင် နှစ်ဖက်တိုက်ပွဲများဖြစ်ပွါးပြီးနောက် စစ်အုပ်စုတပ်ဘက်က လေကြောင်းဖြင့် စစ်တပ်အင်အား ဖြည့်တင်းမှုများကို ဆက်တိုက်လုပ်ဆောင်နေပြီး နှစ်ဖက်စစ်ရေးတင်းမာနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

မောတောင်လမ်းပိုင်းကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားရာ စစ်တပ်က ပြန်လည်ထိန်းချုပ်ရန် ၂၀၂၄ ခုနှစ် ဒီဇင်ဘာနှောင်းပိုင်းမှစတင်ပြီး အင်အားရာချီသုံးပြီး စစ်ကြောင်းထိုး လျက်ရှိသော်လည်း ယနေ့ထိ ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်းသိရသည်။

ထို့အပြင် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သိန်ခွန်းကျေးရွာအုပ်စုတွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်နေ့မှစ၍ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သိန်ခွန်း၊ သဲဖြူ၊ ချောင်း နှစ်ပေါက် စသည့်ကျေးရွာများမှ ဒေသခံပြည်သူများ စစ်ရှောင်နေရသည်။

January 15, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ရွေးကောက်ပွဲနယ်မြေချဲ့ထွင်ရေးအတွက် ပြီးခဲ့သည့် ဇန်နဝါရီ (၁၀...
January 15, 2026
မြေပြင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က လွိုင်ကော်မြို့ပြင်ဖက်ကို ယခုအပတ်အတွင်း...
January 14, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင်/တပ်မဟာ(၅)နယ်‌မြေတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ...
Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...