စစ်တပ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာငံဒေသခံ ၇ဦး ပြန်မလွှတ်သေး

စစ်တပ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာငံဒေသခံ ၇ဦး ပြန်မလွှတ်သေး
Photo credit - CJ
Photo credit - CJ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်က ဖမ်ဆီးခေါ်ဆောင်သွားသော ဒေသခံ ၇ ဦးကို ယနေ့အထိ ပြန်မလွှတ်ပေးသေးကြောင်း သတင်းရရှိသည်။

စစ်ကော်မရှင် ဖမ်းဆီးသွားသည့် ရွာငံမြို့နယ်တွင်နေထိုသည့် ဒေသခံ (၇)ဦးသည် အောက်တိုဘာလလယ်တွင် ဒေသခံ (၅)ဦးနှင့် နိုဝင်ဘာလ ပထမပတ်တွင် ဒေသခံ (၂)ဦး ဖြစ်ကြပြီး၊ ထိုဖမ်းဆီးခံရသည့်သူများသည် အသက် (၄၀)အရွယ်ရှိ အမျိုးသားများဖြစ်ကြကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

“စစ်သားတွေ အိမ်ထဲအထိ ဝင်ဆွဲသွားတယ်လို့ သိရတယ်။ ဖမ်းသွားတာ ဒီနေ့အပါ (၆) ရက်လောက်ရှိပြီ။ ဘာကြောင့်ဖမ်းသွားလဲ မသိဘူး။ နိုင်ငံရေးနဲ့လည်း ဘာမှမပတ်သက်ဘူး သူတို့ဟာ သူတို့ အေးဆေးနေတဲ့သူတွေ။ ဘာကြောင့် လာဖမ်းသွားလဲ မသိနေဘူး။”ဟု ရွာငံမြို့နယ် နွားဘန်းကျေးရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာတွင်လည်း ပြီးခဲ့သည့် အောက်တိုဘာလ လယ်ခန့်က ရွာသား (၅)ဦးကို စစ်ကော်မရှင်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ မိသားစုနှင့် အဆက်သွယ်မရသေးပေ။

“လာဖမ်းသွားတာ တစ်လလောက်ရှိပြီ။ ဘာကို ဖမ်းသွားလည်း မသိဘူး။ ကြားတာကတော့ ထောင် (၁၀)နှစ် ချလိုက်ပြီလို့ ကြားတယ်။ ဘယ်ကိုခေါ်သွားမှန်း မသိတော့ မလိုက်သွားကြဘူး။ စိတ်ပူရုံကလွဲ ဘာမှ လုပ်လို့မှ မရတာ။”ဟု တပင်ကျော်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

တပင်ပျော်ကျေးရွာအုပ်စု အတွင်း စစ်ကော်မရှင်တပ်စွဲထားသည့် နယ်မြေဖြစ်ပြီး၊ ၎င်းတို့သည် နီးစပ်ရာ တောတောင်ဘက်သို့ နေ့စဉ် စစ်ကြောင်းထိုးဝင်ရောက်နေကြောင်း သိရသည်။

ထို့အပြင် ရွာငံမြို့နယ်အတွင်း တစ်နှစ်သာအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး (၅) ဦးထက်မနည်း အသတ်ခံနေရသည်။

ဓါတ်ပုံ - ချင်းမိုင်တက္ကသိုလ်တွင် ကျင်းပနေသည့် (၅) ကြိမ်မြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ အခမ်းအနားပုံ
August 15, 2026
“အကျပ်အတည်းနှင့် ဖြစ်နိုင်ခြေကြားမှ မြန်မာ့ အသွင်ကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ဖြင့်...
August 14, 2026
သျှမ်းပြည် မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်...
သိန္နီရှိ ရေအားလျှပ်စစ် စီမံကိန်းအား MNDAA တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးစဉ်
August 13, 2026
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေ...
ဓာတ်ပုံ - Crd
August 13, 2026
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတစ်လျှောက်ရှိ စစ်တပ် စစ်ဆေးရေး...