သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ချင်းပူးပေါင်းတပ်များ၏ တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူ ၂၀၀၀ ကျော်သည် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရပြီး အခြေခံစားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ် လိုအပ်နေသည်ဟု သိရသည်။

သိုင်းငင်းသို့ ကလေးမြို့နှင့် တီးတိန်မြို့တို့မှ နှစ်ဖက်ညှပ်၍ ဦးတည်စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်ကြောင့် အောက်တိုဘာလမှ စတင်၍ ကလေး - သိုင်းငင်း - တီးတိန်း လမ်းမပေါ်က ဒေသခံပြည်သူများသည် စစ်ဘေးရှောင်နေရသည်ဟု CDF - CDM Siyin ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“မွှာလ်ပီးကနေ အာလွယ်၊ ပြီးတော့ အကုန်လုံးက စစ်ဘေးရှောင်ကြတယ်၊၊ ဘယ်သူမှ ရွာထဲ မဝင်နိုင်ဘူးပေါ့။ ဒေသခံ လူဦးရေက ၂၀၀၀ ကနေ ၃၀၀၀ ကြားလောက်ရှိမယ်။ သူတို့ကတော့ အထူးသဖြင့်က အရေးပေါ် စားနပ်ရိက္ခာ လိုပါတယ်။ ပြီးတော့ အမိုးအကာ လိုအပ်တယ်။ ဆေးဝါးတွေလည်း လိုပါမယ်။ စစ်ဘေးရှောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေလည်း များတယ်။ ကလေးသူငယ်တွေလည်း များတယ်” ဟု CDF - CDM Siyin ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တီးတိန်မြို့နယ်ထဲက မွှာလ်ပီး၊ တုန်းဆမ်း၊ ထီးဇန်၊ ဟိုန်ဇန်၊ သိုင်းငင်း၊ ဆွလင်၊ ဘဲကန့်၊ အာလွယ် စသည့် ကျေးရွာ ၈ ရွာထက်မနည်းက ဒေသခံပြည်သူ ၂၀၀၀ မှ ၃၀၀၀ ကြားသည် အိုးအိမ်စွ့န်ခွာကာ စစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်သည်ဟု သိရသည်။

ချင်းပြည်မြောက်ပိုင်းတွင် အင်အား ရာချီဖြင့် စစ်ကြောင်းထိုးနေသော စစ်ကော်မရှင်တပ်များနှင့် ချင်းပူးပေါင်း တပ်တို့ကြား တိုက်ပွဲများသည် မည်ကဲ့သိုဖြစ်လာမည်ကို မခန့်မှန်းနိုင်သေးသောကြောင့် ဒေသခံ ပြည်သူများအနေဖြင့် တစ်နေရာမှ တစ်နေရာသို့ ကူးသန်းသွားလာမည်ဆိုပါက စစ်ရေးသတင်းကို အရင်ဆုံး လေ့လာစုံစမ်း၍ သွားလာကြရန် သတိပေးထားသည်။

တီးတိန်မြို့မှ သိုင်းငင်းသို့ အင်အား ၄၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် ချင်းညီနောင်တပ်တို့ အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၇ ရက်အထိ နေ့စဉ်တိုက်ပွဲ ဖြစ်ပွားရာမှာ စစ်တပ်ဘက်မှ ၄၀ ထက်မနည်း သေဆုံးကာ စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိကြောင်း၊ ဒေသခံ ၁၄ ဦးကိုလည်း ကယ်တင်နိုင်ခဲ့သည်ဟု ချင်းညီနောင် တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၇ ရက်မှစတင်၍လည်း စစ်ကော်မရှင်တပ်နှင့် ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်တို့သည် တီးတိန်- သိုင်းငင်းလမ်းပေါ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က ၂၀ ဝန်းကျင်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားသည်ဟု သိရသည်။

ကလေး မှ သိုင်းငင်းသို့ တက်လာသော စစ်ကြောင်းမှာလည်း ချင်းတော်လှန်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားပြီး အထိနာသောကြောင့် မွှာလ်ပီးရွာတွင် ရပ်တန့်နေသည်ဟု သိရသည်။

လက်ရှိ စစ်ကော်မရှင်တပ်၏ စစ်ကြောင်းထိုးမှုတွင် စစ်ရေးအရ အချက်အချာကျသော ကနေဒီတောင် စစ်စခန်းနှင့် သိုင်းငင်းရွာ စခန်းတို့ကို ချင်းတော်လှန်ရေးတပ်များ လက်လွှတ်ထားရသည်ဟု သိရသည်။

Photo credit - CJ

August 15, 2026
ချင်းပြည် မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသော PDF-Zoland တပ်ဖွဲ့ဝင် ၇...
ဓာတ်ပုံ - ပုံဟောင်း
August 14, 2026
စစ်တပ်သည် ကလေး-တမူး ကားလမ်းကို ပြန်လည်ထိန်းချုပ်ပြီးနောက် ခမ်းပတ်မြို့ပေါ်တွင် အုပ်ချုပ်ရေး...
လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် CDF–KKG တပ်ရင်း ၆ မှ ရဲဘော်များပုံ (Credit)
August 13, 2026
ချင်း - မကွေး အစပ်၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာအနီးတွင်...
August 11, 2026
ချင်းပြည်၊ ထန်တလန်မြို့နယ်၊ CDF-ထန်တလန် ထိန်းချုပ်နယ်မြေအတွင်း တရားမဝင် လက်နက်နှင့် ဖောက်ခွဲ...