လေးကေကော်မြို့သစ်တောင်ဘက် ရသေ့ဂူရွာအနီး တောင်ကြောတွေကို စစ်တပ်ဗုံးကြဲ

လေးကေကော်မြို့သစ်တောင်ဘက် ရသေ့ဂူရွာအနီး တောင်ကြောတွေကို စစ်တပ်ဗုံးကြဲ

မြဝတီမြို့ နယ်၊ လေးကေကော်မြို့သစ် တောင်ဘက်ရှိ ရသေ့ဂူကျေးရွာတဝိုက်က တောင်ကြောနေရာ တွေကို စစ်အုပ်စု Y12 လေယာဉ် ဖြင့် အောက်တိုဘာ ၃၀ ရက်၊ နေ့လည် ၁၂ နာရီ ဝန်းကြင်က ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ဖလူးကျေးရွာ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူ သတင်းအရင်းအမြစ်က ပြောသည်။

“အခုဖလူး ဘက် Y12 ပတ်ပျံ နေတယ်။ မကြဲသေဘူး။ နှစ်ကြိမ်၊ သုံးကြိမ်လောက်တော့ ရသေ့ဂူဘက်ရဲ့ သူ့အပေါ် တောင်ကြောဘက်၊ မယ်ဝါးခီးဘက် ကြဲချလို့ ပေါက်ကွဲတဲ့ အသံကြားရတယ်။ အခု ဖလူးဘက်ကို ပတ်ဝဲနေတယ်။ ကျနော်တို့ရွာသားတွေလည်း ပုန်းကျင်းထဲ ရှောင်နေရတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ ဗုံးကြဲနေခြင်းသည် ရသေ့ဂူကျေးရွာနှင့် ထီးမယ်ဝါးခီးကျေးရွာဘက်၊ ကျော်ဝါးဘိုး တောင်ကြောနေရာ ဘက်သို့ အောက်တိုဘာ ၂၀ ရက်နောက်ပိုင်း ဆက်လက် ထိုးစစ်ဆင်နေသည့်စစ်အုပ်စု စစ်ကြောင်းများ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက်ကျဆုံးနေခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

ထို့အပြင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- KNLA မဟာမိတ်တပ်များက ပျောက်ကျား တိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင် ဖြစ်နေသည့်အပေါ် လေကြောင်းစစ်ကူခေါ် ဗုံးကြဲခိုင်းခြင်းဖြစ်ကြောင်း KNLA မဟာမိတ်တပ်ဖွဲ့ ရှေ့တန်းသတင်းအရင်းအမြစ်က ယခုလို ပြောသည်။

”စစ်တပ်နဲ့ BGF တွေ ရသေ့ဂူနဲ့ ကျော်ဝါးဘိုးကုန်ဘက်မှာ မိုင်းစာမိ နေကြတာမနည်းဘူး။ သေတာလည်း ရှိတယ်။ BGF က ထိခိုက်တဲ့ စစ်မှုထမ်း စစ်သားသစ်နဲ့ တပ်သားတွေ မိုင်းထိတာကို ဖားအံ တောင်ကလေး ဆေးရုံကို သယ်ပို့နေတာတွေရှိတယ်။ ရှေ့တက်ဖို့လည်း ပျောက်ကျားတိုက်ခံနေရတော့ လေယာဉ်စစ်ကူခေါ်တာ Y12 လာကြဲ နေတာပေါ့နော်” ဟု ၎င်းက ပြောသည်။

ထိုသို့ စစ်အုပ်စုက လေးကေကော်ဒေသအား ဆက်လက် တိုက်ခိုက် စစ်ဆင်နေမှုအပေါ် KNLA မဟာမိတ် တပ်များက ပျောက်ကျား ဖြတ်တောက် တိုက်ခိုက်နေသည့်အတွက် စစ်အုပ်စုတပ်များ စစ်ကူအင်အား နေ့စဉ် ဖြည့်တင်းကာ တိုက်ခိုက်ခြင်းနှင့် မစ်ဇိုင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ် တိုက်ခိုက်နေကြောင်း သိရသည်။

လတ်တလော မြဝတီမြို့နယ်အတွင်းတွင် လေးကေကော်ဒေသ၊ ဝေါလေဒေသနှင့် အာရှလမ်း၊ ဒေါန တောင်လမ်းဟောင်း နေရာများဘက်တွင် KNLA မဟာမိတ်တပ်များနှင့် နေ့စဉ်ပစ်ခတ်တိုကိခိုက်မှု ဆက်ရှိနေ ကြောင်း သိရသည်။

Photo credit - CJ

Most read this week

February 7, 2026
မန်းကိုကို — ‘လုံခြုံရေး’ပညာရပ်ကို လေ့လာတဲ့အခါ ‘စွမ်းအင်လုံခြုံရေး’ဆိုတဲ့ ကဏ္ဍကို...
February 7, 2026
ကော်သူးလေနယ်မြေဒေသအတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးဆိုင်ရာကဏ္ဍများ၌...
February 6, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ကော့ကရိတ်နှင့်...
February 5, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် စစ်အုပ်စုခြေလျှင်တပ်ရင်း ခလရ(၂၇၅)မှ...