တန့်ဆည်တွင် တပ်အပြောင်းလဲလုပ်ပြီးပြန်လာသည့် စစ်ကြောင်းကိုတိုက်ခိုက်မှု စစ်အုပ်စုအထိနာ

တန့်ဆည်တွင် တပ်အပြောင်းလဲလုပ်ပြီးပြန်လာသည့် စစ်ကြောင်းကိုတိုက်ခိုက်မှု စစ်အုပ်စုအထိနာ
Photo credit - တော်လှန်ရေးတပ်ဖွဲ့
Photo credit - တော်လှန်ရေးတပ်ဖွဲ့

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အက်တောကျေးရွာ၌ အထိုင်ချထားသည့် စစ်ကော်မရှင်တပ်မှ တပ်အပြောင်း အလဲလုပ်ပြီး ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာသို့ ပြန်လည်လာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက် ခိုက်ခဲ့ရာ ၁၁ ဦး သေဆုံးသွားကြောင်း ရေဦးမြိုနယ်(ပကဖ) က ယနေ့ (အောက်တိုဘာလ ၂၁ ရက်) တွင် သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၀ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် အက်တောကျေးရွာနှင့် ကာဘိုးကျေးရွာအကြား တန့်ဆည်မြို့နယ်တနေရာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတဦးက ပြောသည်။

“ကျနော်တို့ ဖြတ်တိုက်လိုက်တာက ၄၀ လောက်ပါတဲ့ စစ်ကြောင်း။ ကနဦးသိရတာက ၁၁ ဦး သေပြီး ခြောက်ဦး ဒဏ်ရာရတယ်။ နှစ်ဖွဲ့ကြားထဲကို ကြားဖြတ်တိုက်တာဆိုတော့ တိုက်ပြီးပြီးချင်း ပြန်ဆုတ်လာတာဆိုတော့ လက်နက်ခဲယမ်းသိမ်း ဆည်းရမိတာတော့ မရှိဘူး” ဟု ၎င်းက ပြောသည်။

အင်အား ၂၀၀ ခန့်ပါသည့် စစ်ကော်မရှင်တပ်ဖွဲ့သည် အက်တောကျေးရွာအထိုင်စခန်းမှ ကင်းချိန်း၍ ကာဘိုးပျူရွာသို့ စစ်ကြောင်းသုံးကြောင်းခွဲ၍ပြန်လာချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲသည် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ကြောင်း ရေဦးမြို့နယ်ပကဖ ထံမှသိရသည်။

တိုက်ခိုက်ခံလိုက်ရသည့် စစ်အုပ်စုစစ်ကြောင်းသည် ယင်းနေ့တွင်ပင် ကာဘိုးပျူရွာသို့ရောက်ရှိသွားပြီး ပြန်လည်စစ် ကြောင်းထိုးခြင်းမရှိသေးကြောင်း ရေဦးမြို့နယ်(ပကဖ)တာဝန်ရှိသူက ယနေ့ပြောသည်။

အက်တောကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့သည် အင်အား ၇၀ ခန့်ဖြင့်အထိုင်ချတပ်စွဲထားပြီး တလ တကြိမ် ကန့်ဘလူနယ် ကာဘိုးပျူရွာမှစစ်အုပ်စုနှင့် လူအပြောင်းလုပ်လေ့ရှိ ခြင်းဖြစ်သည်။

“အက်တောမှာ အထိုင်ချလိုက်ချိန်ကတည်းက ရွာခံတွေက ရေဦးနယ်ထဲမှာ စစ်ရှောင်နေနေကြရတာ” ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏တာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါ စစ်ကော်မရှင်တပ်ဖွဲ့သည် ကာဘိုးပျူရွာမှ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ထွက်ခွာလာပြီး အက်တောရွာ အထိုင်စခန်းရှိ တပ်ဖွဲ့နှင့် လူအပြောင်းအလဲလုပ်ပြီး ကာဘိုးကျေးရွာသို့ ပြန်လာခြင်းဖြစ်သည်။

ယခုတိုက်ခိုက်မှုကို တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ပေါ်ဦးစစ်ကြောင်း၊ ရေဦးမြို့ နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့၊ ရေဦးပကဖလက်ရုံးတပ်ဖွဲ့ တို့ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

September 9, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးရှာသွားသည့် အသက် ၁၆ နှစ်ဝန်းကျင်အရွယ်...
စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...
ရွာသစ်တောကျောင်းကို စက်တင်ဘာလ ၆ ရက်က ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပျံလွန်တော်မူသည့် သံဃာတော် / CJ
September 8, 2026
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်အုပ်စုတပ်၏ ဒရုန်းဖြင့် ဗုံးကြဲချမှုကြောင့်...
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် / Crd
September 7, 2026
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ‘FREE HER’ လှုပ်ရှားမှုကို စတင်လိုက်ပြီ...