KIA တပ်ရင်း ၆ လေကြောင်း နဲ့ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခံရ

KIA တပ်ရင်း ၆ လေကြောင်း နဲ့ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခံရ

ဖားကန့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ ၊ တပ်ရင်း ၆ ဌာနချုပ်ကို စစ်တပ်က ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ ၇ နာရီခွဲအချိန် လေကြောင်း နဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

စစ်တပ်သုံးလေယာဥ်က KIA တပ်ရင်း (၆) ဌာနချုပ် နေရာပတ်ပတ်လည်ကို လေယာဉ်ဗုံး ၃၆ ကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်သွားတယ်လို့ ဖားကန့်ပြည်သူ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

“ကားမိုင်းကျော်ပြီး ကံဆီးဘက်ကနေတက်လာပြီး ရင်း (၆) နေရာကို ပစ်သွားပြီ။ လာပစ်တာ တော်တော် ကြာတယ်။ လေယာဉ်ဗုံး ၃၆ ကြိမ်လောက်ရှိတယ်။ နာရီဝက်လောက်ပစ်ပြီး ပြန်ဆင်းသွားပြီ” လို့ ပြောပါတယ်။

လေကြောင်းပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး ထိခိုက်မှုရှိမရှိ နောက်ဆက်တွဲအခြေအနေကို စုံစမ်းနေဆဲဖြစ်ပါတယ်။

KIA တပ်ရင်း (၆) ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး KPDF တာဝန်ရှိသူတစ်ဦးလည်း “လာပစ်တာက ၇ နာရီခွဲ အချိန်လောက်မှာ လာပစ်တာ။ ကျနော်တို့ကိုတိုင်လည်း မြေပြင်အခြေအနေကို အသေးစိတ်စုံစမ်းနေဆဲဖြစ်တယ်။ လာပစ်တာက နှစ်ခေါက် သုံးခေါက် လှည့်ပတ်ပြီး လာပစ်သွားတာ” လို့ ပြောပါတယ်။

ဖားကန့်ဒေသမှာ စစ်တပ်က ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လုပ်ဆောင်နေတဲ့အပေါ်မှာ KIA နဲ့ KPDF တပ်ဖွဲ့တွေ ကန့်ကွက်လှုံ့ဆော်နေတာတွေကြောင့် အခုလို လာရောက် ခြိမ်းခြောက်ပစ်ခတ်လာတာ ဖြစ်နိုင်တယ်လို့ KPDF တာဝန်ရှိသူတစ်ဦးသုံးသပ်ပြောဆိုနေပါတယ်။

ဖားကန့်မြို့မှာ KIA နဲ့ KPDF တပ်တွေ ပြီးခဲ့တဲ့ စက်တင်ဘာလလောက်ကနေ တပ်သားစုဆောင်းမှု လုပ်ဆောင်ခဲ့ပြီးနောက် စစ်တပ်က အခုလို KIA တပ်မဟာ၊ တပ်ရင်း နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာ ဖြစ်တယ်လို့လည်း သုံးသပ်ပြောဆိုနေကြပါတယ်။

ဖားကန့်ဒေသမှာ လက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်ရဖို့ စစ်တပ်က မြေပြင်စစ်ကြောင်းအပြင် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...