ဘူးသီးတောင်တွင် စစ်ကျန်လက်နက် ပေါက်ကွဲ၍ မွတ်ဆလင် လူငယ် ၂ ဦး သေဆုံး

ဘူးသီးတောင်တွင် စစ်ကျန်လက်နက် ပေါက်ကွဲ၍ မွတ်ဆလင် လူငယ် ၂ ဦး သေဆုံး

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင် စစ်ကျန်လက်နက်ပေါက်ကွဲမှု ဖြစ်ပွား၍ ဆယ်ကျော်သက်အရွယ် ဒေသခံ မွတ်ဆလင် ၂ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ (အောက်တိုဘာ ၁၉) ရက်က ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံကျေးရွာအနီးတွင် ကျွဲကျောင်းနေစဉ် RPG လက်နက်ကြီး တစ်လုံးကို ထိမိရာတွင် ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

“သူတို့က ထန်းရှောက်ခံရွာ အနောက်ဘက် လယ်ကွင်းမှာ ကျွဲကျောင်းနေတာ။ အဲဒီမှာ လက်နက်ကြီး တစ်လုံးကို ခြေထောက်နဲ့ နင်းမိလို့ ပေါက်ကွဲသွားတာကြောင့် သေဆုံးသွားတာလို့ သိရတယ်။ အဲဒီအနီးနားမှာ အရင်ကာလက တိုက်ပွဲပြင်းထန်ခဲ့တဲ့ နေရာဖြစ်တယ်” ဟု ဘူးသီးတောင်ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသွားသူတို့မှာ နနွင်းတူးကျေးရွာမှ အသက် ၁၅ နှစ် အရွယ် ဆိုက်ဘူလာနှင့် ကျောက်ဆိပ်ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် မာမောက်ဖိုက်ဆန်း တို့ဖြစ်ကြောင်း သိရသည်။

ထန်းရှောက်ခံကျေးရွာသည် စကခ ၁၅ နှင့် နီးပြီး ၂၀၂၄ ခုနှစ် မေလက စစ်ကောင်စီနှင့် အာရက္ခတပ် တော်တို့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။

" အဲဒီရွာနားမှာက စကခ ၁၅ နဲ့အတူ အတွင်းငှက်သေ၊ ကံပြင်၊ ကကျက်ဘက်၊ မြောင်းနား အဲဒီရွာအနီးက တောင်တန်းတွေဟာ မိုင်းအန္တရာယ်ကို အထူးစိုးရိမ်စရာဖြစ်နေတယ်။ တိုက်ပွဲပြင်းထန်ခဲ့တော့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေ နေရာအနှံ့ ရှိနေနိုင်သေးတယ်" ဟု နောက်ထပ် ဘူးသီးတောင်ဒေသခံတစ်ဦးက ဆိုသည်။

အောက်တိုဘာ ၁၈ ရက်ကလည်း မောင်တောမြို့၊ လေးမိုင်ရပ်ကွက်တွင် အသက် ၂၅ နှစ်အရွယ် ဟိန္ဒူတစ်ဦးမှာ မြေမြှုပ်မိုင်း နင်းမိပြီး ညာခြေထောက်ပြတ်ထွက်သွားကြောင်း သိရသည်။

ရခိုင်က အခြေခံလက်လုပ်လက်စားများမှာ တောတောင်များကို မှီခိုကာ ထင်းရှာခြင်း၊ မျှစ်ချိုးခြင်း စသည့် ကြုံရာကျပန်းလုပ်ကိုင်ကာ စားဝတ်နေရေးကို ဖြေရှင်းနေကြရခြင်းဖြစ်သည်။

“ရခိုင်ဒေသမှာတော့ နေရာအနှံ့မှာ တိုက်ပွဲတွေဖြစ်ဖူးတော့ မိုင်းအန္တရာယ်က ကြီးမားဆဲ ဖြစ်နေတယ်။ ဒီကာလမှာ ဒေသခံတွေကလည်း တောတောင်ကို မှီခိုပြီး စားဝတ်နေရေး ဖြေရှင်းရတော့ ပိုပြီး စိုးရိမ်စရာ ဖြစ်နေတယ်။ ဒီမိုင်းတွေကို နိုင်ငံတကာ တတ်သိပညာရှင်တွေ၊ အဖွဲ့အစည်းတွေ၊ အာရက္ခတပ်တော်တို့ ပူးပေါင်းပြီး ထိရောက်အောင် ရှင်းလင်းရေး လုပ်မှ အဆင်ပြေမှာ” ဟု ရခိုင်ဒေသခံ အမျိုးသားတစ်ဦးက အကြုံပြုသည်။

လက်ရှိတွင် အာရက္ခတပ်တော်က မိုင်းအန္တရာယ်၊ လက်နက်ကြီး အန္တရာယ်များနှင့် ပတ်သက်၍ အသိပညာ ဟောပြောပွဲများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ရှိနေသော်လည်း ထိရောက်မှု အားနည်း နေသေးကြောင်း ပြောဆိုနေကြသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...