သရက်ချောင်းမှာ စစ်ကြောင်းဝင်ပြီးနောက် နေအိမ် ၅၀ ကျော် မီးရှို့ခံရ

သရက်ချောင်းမှာ စစ်ကြောင်းဝင်ပြီးနောက် နေအိမ် ၅၀ ကျော် မီးရှို့ခံရ

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် နေအိမ် ၅၀ ကျော် မီးရှို့ဖျက်ဆီးခံလိုက်ရပြီး ရာနဲ့ချီတဲ့ နေအိမ်တွေ မွှေနှောက်ခံထားရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကစလို့ သရက်ချောင်းမြို့နယ် ရန်တောင်ရွာကတဆင့် ကင်းရှေ့၊ ကျောက်လှေကား၊ မိုးရွှေကုန်းနဲ့စော်ဖျားရွာတို့ကို စစ်ကြောင်းပတ်ထိုးခဲ့တာ ဖြစ်ပါတယ်။

စစ်ကြောင်းဝင်တဲ့ နှစ်ပတ်ကျော်ကာလအတွင်း ကျောက်လှေကား၊ စော်ဖျားနဲ့မိုးရွှေကုန်းကျေးရွာတို့က အိမ်ခြေ ၅၀ ကျော် မီးရှို့ခံထားရပြီး အိမ်ခြေ ၃၀၀ ကျော်ဟာလည်း မွှေနှောက်ခံထားရပါတယ်။

အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၁၃ ရက်နေ့မှာ သင်ကျွန်းရွာ၊ အောက်တိုဘာ ၁၄ ရက်နေ့မှာ သရက်နှစ်ခွကျေးရွာဘက်ကို ပြန်ဆုတ်သွားပြီလို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

စစ်ကြောင်းဝင်ရောက်လာချိန် ရန်တောင်၊ သင်းကျွန်း၊ ဥတ္တူ၊ ညောင်ဇင်၊ ကြာအင်း၊ ကျောက်လှေကား၊ မဲနယ်အိုး၊ သရက်နှစ်ခွကျေးရွာတို့က ဒေသခံ ၅၀၀၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာပထမအပတ်တုန်းကလည်း သရက်ချောင်းမြို့နယ်ထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးစဉ် နေအိမ် အလုံး ၁၀၀ ထက်မနည်း မီးရှိုဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...
ဒေသတွင်း သယ်ယူပို့ဆောင်နေသည့် ကုန်တင်မော်တော်ယာဉ်အချို့ / Social Media
September 8, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီး ၆၀...
ဓာတ်ပုံ - MOI
September 7, 2026
တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်ရသည့် စစ်အရာရှိများအနေဖြင့် ကိုယ်ကျင့်တရား ဖောက်ဖျက်မှုများ...