တနင်္သာရီတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦးကျော် ဒဏ်ရာရ

တနင်္သာရီတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦးကျော် ဒဏ်ရာရ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ တကူကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ဂျက်ဖိုက်တာလေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရွာသား ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံရွာသားများက ပြောသည်။

အောက်တိုဘာလ ၁၀ ရက်နေ့၊ နံနက် ၉ နာရီခွဲခန့်တွင် FTC-2000G အမျိုးအစား တိုက်လေယာဉ်သည် တကူကျေးရွာရှိ ဈေးအနီးရှိ မီးသတ်ရုံး အဆောက်အအုံကို ပစ်မှတ်ထား၍ လာရောက် ဗုံးကြဲချခဲ့ခြင်းဖြစ်ပြီး၊ စက်သေနတ်ဖြင့်ပါ ပစ်ခတ်သွားခဲ့သည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် ကလေးငယ်တစ်ဦး အပါအဝင် ရွာသား ၁၀ ဦး ထက်မနည်း ပါဝင်ပြီး၊ ၎င်းတို့အနက် ၅ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေရှိနေသည်။

အသက် ၄၀ ခန့်အရွယ် ဒေသခံရွာသားတစ်ဦးက “မီးသတ်ရုံးမှာ လူမရှိလို့ တော်သေးတယ်။ ယောက်ျား တွေရော၊ မိန်းမတွေပါ ဈေးသွားဈေးပြန် လုပ်သူတွေ ထိတာများတယ်။ လေယာဉ်က နောက်ထပ် ပြန်တက် လာနေလို့ ရွာသားတွေ ဗုံးခိုကျင်းတွေထဲမှာ ပုန်းနေကြရတယ်” ဟု ပြောသည်။ 

၎င်း၏အဆိုအရ မီးသတ်ရုံး အဆောက်အအုံ၏ အရှေ့ဘက်မျက်နှာပြင် တစ်ခြမ်းလုံး ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။

တနင်္သာရီမြို့နယ် အတွင်းရှိ တကူကျေးရွာသည် လက်ရှိတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ (PDF) စိုးမိုးထားသည့် နယ်မြေဖြစ်ပြီး၊ စစ်ကောင်စီတပ်က ရွာကို စားသောက်ကုန် ရိက္ခာများနှင့် အင်တာနက် ဖုန်းလိုင်းများ ဖြတ်တောက်ထားသည်ဟုလည်း တကူရွာသားတစ်ဦးက ပြောသည်။

ထို့အပြင် တကူကျေးရွာကို ဗုံးမကြဲမီ နံနက် ၈ နာရီခန့်တွင်လည်း ထိုင်းနိုင်ငံနယ်စပ်ရှိ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ ဖြစ်သော ထီးခီးကျေးရွာကို လေကြောင်းမှ ဗုံးကြဲခဲ့သေးသည်။

ထီးခီးကျေးရွာကို FTC-2000G အမျိုးအစား ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲချကာ စက်သေနတ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း KNU မြိတ် – ထားဝယ်ခရိုင်မှ ထုတ်ပြန်ထားသည်။ 

September 7, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ဧရိယာအနီး အဝတောင်-စနဲ လမ်းပိုင်းပေါ်သို့...
September 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်တွင် စစ်အုပ်စုတပ်က ယာဉ်ထိန်းရဲ၊...
ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ် / Crd - ပုံဟောင်း
September 7, 2026
စစ်အုပ်စုက ချင်းပြည်ရှိ မြို့အချို့ကို ပြန်လည် ထိန်းချုပ်ထားနိုင်သော်လည်း ၎င်းတို့၏ အုပ်ချုပ်ရေး...
ဓါတ်ပုံ - Crd
September 5, 2026
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအဆင်းရှိ အာရက္ခတပ်တော်...