ကော့ကရိတ်မြောက်ပိုင်း နောင်နိုင်းရွာသား ၁၀၀ ခန့်ကို စစ်အုပ်စုတပ် ဖမ်းဆီးထား

ကော့ကရိတ်မြောက်ပိုင်း နောင်နိုင်းရွာသား ၁၀၀ ခန့်ကို စစ်အုပ်စုတပ် ဖမ်းဆီးထား

ကရင်ပြည်နယ်၊ ကော့ကရိတ်မြောက်ပိုင်း နောင်နိုင်းကျေးရွာသို့ စစ်ကြောင်း ဝင်ရောက်လာသော အာဏာသိမ်း စစ်အုပ်စုတပ်က ကျေးရွာသား ၁၀၀ ခန့်ကို နောင်နိုင်း ဘုန်းကြီးကျောင်းဝင်း၌ ဖမ်းဆီးထားကြောင်း ဒေသခံ သတင်းအရင်းအမြစ်များက ပြောသည်။

စစ်အုပ်စုတပ် စစ်ကြောင်းသည် အောက်တိုဘာ ၁၀ရက်နေ့၊ နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် နောင်နိုင်း ကျေးရွာသို့ ဝင်ရောက်ကာ ဥယျာဉ်ခြံထဲရှိ ရွာသားများကို ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိန်းသိမ်း ထားလိုက်ခြင်းဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်နှင့် တော်လှန်ရေးတပ်ဖွဲ့ သတင်း အရင်းအမြစ်များက ပြောသည်။

“မနက် ၉ နာရီ ၂၀ မိနစ်လောက်မှာ ကော့ကရိတ်လမ်းပိုင်း ရန်ကုန်ဘက်ကို စစ်တပ်က ဒရုန်းချတယ်။ ပြီးတော့ ရန်ကုန်ရွာကနေ စစ်ကြောင်းက နောင်နိုင်းရွာသားတွေကို ခေါ်ထုတ်တာ လူတစ်ရာ ဝန်းကျင်လောက်ရှိမယ်ပေါ့။ ကျွဲကျောင်း၊ နွားကျောင်းရွာသားတွေပါ။ ရန်ကုန်ဘုန်းကြီးကျောင်းထဲ ဖမ်းဆီးထားတယ်။” ဟု KNLA 

မဟာမိတ်တပ်ဖွဲ့ စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

ထိုသို့ နောင်နိုင်းကျေးရွာသားများအား စစ်တပ် စစ်ကြောင်းမှ ဖမ်းဆီးထားသည့်သတင်းကြောင့် နန်းရွှေမိတ်၊ ကြောင်လျှာကုန်း၊ ရန်ကုန်၊ လှိုင်စိမ်း၊ မိချောင်းအင်း၊ ဆင်ကုန်း၊ ကောင်းမှု ကျေးရွာသားများမှာ စစ်ဘေးလွတ်ရာ တောင်ယာကုန်းများဘက်သို့ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသူ လူထောင်ချီရှိနိုင်ကြောင်း စစ်ဘေးရှောင်များအား အကူအညီပေးသူများက ပြောသည်။

စစ်ရှောင်ကူညီပေးသူတစ်ဦးက “နောင်နိုင်းရွာကို စစ်ကြောင်းဝင်ပြီး လူဖမ်းထားတယ်ဆိုတော့ ဘေးရွာတွေ ကလူတွေလည်း မနေရဲ တော့ဘူး။ (ကော့ကရိတ်မြို့) တောင်ဘက် အံဖရွာဘက်ကနေလည်း စစ်ကြောင်းထွက်ဖို့ (ခလရ)၉၇ က ကမိုင်ကုန်းရွာဘက်ကို လက်နက်ကြီးပစ်ထုတ်နေတာ။ အခုကောင်းမှုဘက်ရွာတွေ ၅ ရွာ၊ ၆ ရွာလောက်ကဆို လူတစ်ထောင်ကျော်မယ် လွတ်ရာရှောင်နေရတယ်။” ဟု ပြောသည်။

ကော့ကရိတ်မြို့ပြင်နေရာများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA မဟာမိတ်တပ်များ စိုးမိုးထားသည့် နေရာများဘက်သို့ စစ်အုပ်စု စစ်ကြောင်းများ စစ်ဆင်ရန် စစ်ကြောင်း ၄ ကြောင်းမှ အင်အား ၅၀၀ ခန့်ဖြင့် ပြင်ဆင်လျက်ရှိသည်ဟု စစ်မြေပြင် တော်လှန်ရေးသတင်းအရင်းအမြစ်ဘက်က ပြောသည်။

လက်ရှိအချိန်ထိ အာရှလမ်း၊ ရွာသစ်ကုန်း၊ ရန်ကုန်နှင့် ဒေါနတောင်လမ်းဟောင်း မြဝတီဘက်အခြမ်း ကျောက်တစ်လုံး၊ တံတားကျိုး နေရာများဘက်တွင် စစ်အုပ်စုတပ်နှင့် KNLA မဟာမိတ်တပ် များအကြား ပြောက်ကျားပစ်ခတ်မှု နေစဉ်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရပါသည်။

March 2, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ် (သရက်ချောင်း နယ်မြေ)သို့...
February 28, 2026
“စစ်ရှောင်တွေက အရမ်းကို အခက်အခဲ ဖြစ်နေတယ်။ သူတို့ကိုယ်တိုင် ရပ်တည်ဖို့က လုံးဝကို...
Photo: KHRG
February 27, 2026
မိုင်းနှင့်ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် ထိခိုက်သေဆုံးသူအများဆုံး ကမ္ဘာ့(၁၁...
February 26, 2026
မြဝတီမြို့တောင်ဘက် ဖလူး-မဲကနယ်တောလမ်းတစ်နေရာတွင် သွားလာနေသည့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်...