ဆဒုံးလေကြောင်းတိုက်ခိုက်မှုမှာ လက်ရှိစာရင်းအရ အရပ်သားပြည်သူ ၈ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိထားတယ်လို့ KIO ပြော

ဆဒုံးလေကြောင်းတိုက်ခိုက်မှုမှာ လက်ရှိစာရင်းအရ အရပ်သားပြည်သူ ၈ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိထားတယ်လို့ KIO ပြော
Photo credit - CJ
Photo credit - CJ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့အတွင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း လက်ရှိစာရင်းအရ အရပ်သားပြည်သူ ၈ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရှိတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းအချိန်လောက်က ဆဒုံးမြို့အတွင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးလေးကြိမ်ကြဲချ တိုက်ခိုက်ခဲ့တာပါ။

စစ်ကော်မရှင်တပ်ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဆဒုံးမြို့အတွင်း တိုက်ပွဲဖြစ်ပွားတာမျိုးမရှိသလို အခုလို တိုက်ခိုက်တာဟာ နိုင်ငံတကာ စစ်ရာဇဝတ်မှု ကျူးလွန်တာလို့ မှတ်ချက်ပြုလိုတဲ့အကြောင်း ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

"ဈေးရောင်းနေတဲ့သူတွေ ထိခိုက်တာရှိတယ်။ ကျောင်းဆင်းချိန်ဖြစ်တဲ့အတွက် ကလေး သုံး၊ လေးယောက်လောက် ထိခိုက်တာရှိတယ်။ အခုအချိန်အထိတော့ သေဆုံးသူ ၈ ယောက်နဲ့ ထိခိုက်တာ ၆ ယောက်ဆိုပြီး စာရင်း လုပ်ထားကြတယ်။ ဒါပေမဲ့ အတိအကျတော့ မသိရှိရသေးဘူး။ ဆဒုံးမှာက တိုက်ပွဲဖြစ်ပွားတာ မရှိဘူး။ မနှစ်က သူတို့လက်လွှတ်လိုက်ရတဲ့ နေရာဖြစ်တဲ့အတွက် ဗုံးကြဲတာလည်း ဖြစ်နိုင်တယ်။ ပြည်သူတွေပဲရှိတဲ့နေရာမှာ ဗုံးကြဲတာက မကောင်းတဲ့လုပ်ရပ်ပေါ့။ နိုင်ငံတကာ စစ်ရာဇဝတ်မှု ကျုးလွန်တာလို့ မှတ်ချက်ပြုလိုတယ်"လို့ ဆိုပါတယ်။

ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရလည်း သေဆုံးသူတွေထဲ ကလေးငယ်တွေပါ ပါဝင်တယ်လို့ ပြောပါတယ်။

ကချင်လွတ်လပ်မြောက်ရေးကောင်စီ(KIC)ဒုဥက္ကဌ-၁ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်ကတော့ အထက်ပါကိစ္စနဲ့ပတ်သက်ပြီး " မင်းတို့တတွေ... လူမဟုတ်တော့ဘူး" လို့ လူမှုကွန်ရက်စာမျက်နှာမှာ ကလေးငယ်တွေ သေဆုံးတဲ့ ပုံနဲ့တကွ ရေးသားဖော်ပြထားပါတယ်။

လက်ရှိ ဆဒုံးဖြစ်ရပ်ကြောင့် KIO/KIA ထိန်းချုပ်နယ်မြေမှာ ရှိနေတဲ့ စာသင်ကျောင်းအချို့တွေလည်း သတိထားနေရမှာဖြစ်တယ်လို့လည်း နိုင်ငံရေး သုံးသပ်လေ့လာသူတစ်ဦးကလည်း သတိပေးပြောဆိုပါတယ်။

ဝိုင်းမော်-ကန်ပိုက်တီလမ်းပေါ်မှာရှိတဲ့ ဆဒုံးမြို့ကိုကို KIA ဘက်ကနေ ၂၀၂၄ ခုနှစ်မှာ သိမ်းပိုက်ရယူထားပါတယ်။

စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...