မင်းတပ်မြို့ စံပြရပ်ကွက်ထဲကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်၊ နေအိမ် ၇ လုံး ထိခိုက်ပျက်စီး

မင်းတပ်မြို့ စံပြရပ်ကွက်ထဲကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်၊ နေအိမ် ၇ လုံး ထိခိုက်ပျက်စီး

- စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံရေးအရ လုံးဝ လက်ခံမှာမဟုတ်တဲ့အပြင် နိုင်ငံတကာကလည်း အသိအမှတ်ပြု၊ ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ကြဖို့ တိုင်းရင်းသားလူမျိုးများကောင်စီ(MEC)နဲ့  ဖက်ဒရယ်ယူနစ်အဖွဲ့အစည်းတွေက ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။ 

- ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ စံပြရပ်ကွက်ထဲကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်ရဲ့နေအိမ်အပါအဝင် နေအိမ် ၇ လုံး ထိခိုက်ပျက်စီးသွားပါတယ်။ 

- အာဏာသိမ်းစစ်တပ်က တစ်မြို့လုံးပြာကျသွားအောင် မီးရှို့ဖျက်ဆီးမှုကြောင့် မြို့ကိုစွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ၄ နှစ်တာကာလအတွင်းမှာ ထန်တလန်မြို့ခံ ၂၀၀ ကျော်ဟာ ထန်တလန်ကို ပြန်မရောက်နိုင်တော့ဘဲ စစ်ရှောင်တဲ့နေရာမှာပဲ ကွယ်လွန်သွားခဲ့ကြပါတယ်။ 

January 27, 2026
- ကျောက်ဖြူမှာ စစ်ကော်မရှင် တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုမြင့်တက်လာနေပါတယ်။ -...
January 27, 2026
- လာမဲ့ ၇၉ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အထိမ်းအမှတ်အတွက် ရှမ်းပြည်တောင်ပိုင်း...
January 26, 2026
-  ကချင်ပြည် ဗန်းမော်မြို့နယ်မှာ နာရေးရက်လည် ဆုတောင်းပွဲ လူအုပ်ထဲကို စစ်ကော်မရှင်က...
January 26, 2026
- မွန်နဲ့ ကရင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ မုဒုံ-ရေလယ်-ဘုရားသုံးဆူလမ်းပိုင်းကို...