AA သိမ်းပိုက်ထားသည့် ‌​ကျောက်ဖြူ မြင်းတက်တောင်ကျေးရွာသို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းသုံးကြောင်းခွဲပြီး ပြန်လည် ထိုးစစ်ဆင်နေ

AA သိမ်းပိုက်ထားသည့် ‌​ကျောက်ဖြူ မြင်းတက်တောင်ကျေးရွာသို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းသုံးကြောင်းခွဲပြီး ပြန်လည် ထိုးစစ်ဆင်နေ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားသည့် မင်းတက်တောင်ကျေးရွာ တစ်ခုလုံးကို သိမ်းပိုက်ရရှိရန် အကြမ်းဖက်စစ်တပ်က စစ်ကြောင်းသုံးကြောင်းခွဲပြီး ပြန်လည် ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်ရှိ မင်းတက်တောင်ကျေးရွာတစ်ခုလုံးကို သိမ်းပိုက်ရရှိရန် အကြမ်းဖက်စစ်တပ်၏ အမှတ်(၃၂)ရဲတပ်ရင်းနှင့် ပြိုင်းစေ့ကေဖက်မှ အင်အား ၄၀၀ ကျော်ခန့်ပါသည့် စစ်ကြောင်းသုံးကြောင်းခွဲပြီး စက်တင်ဘာလ ၂၁ ရက်မှစတင်ကာ ပြန်လည်ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲပြင်းထန်နေသည်ဟု ‌မြေပြင်ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

"မင်းတက်တောင်ကိုရဖို့ စစ်ကောင်စီဖက်က စစ်ကောင်စီ အင်အား ၄၀၀ ၊ ၅၀၀ လောက်ပါမယ်။ စစ်ကြောင်းသုံး ကြောင်းခွဲပြီးတိုက်တာ။ ကားလမ်းဘယ်ညာ စစ်ကြောင်းခွဲပြီး ဝိုင်းတိုက်တာ" ဟုပြောသည်။

မင်းတက်တောင်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်၏ ကာကင်းစခန်းနှင့် အစိုးရစက်မှုလက်မှုသင်တန်းကျောင်းတွင် တပ်စွဲထားသည့်စခန်းတို့ကို ပြီးခဲ့သည့် မေလ ၁၉ ရက်တွင် AA က သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါတပ်စခန်းများအနီးတဝိုက် မေလ ၁ ရက်မှစ၍ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးရာမှ AA နှင့် တိုက်ပွဲဖြစ်ပြီး သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် အဆိုပါမင်းတက်တောင်ကျေးရွာသို့ စစ်ကြောင်းထိုးနေစဉ် အကြမ်းဖက်စစ်တပ်ဖက်မှ လေကြောင်း ပစ်ကူအပြင် အခြေစိုက်တပ်ရင်း၊ နေဗီများပေါ်မှ ပစ်ကူပေးသဖြင့် တိုက်ပွဲဆက်လက်ပြင်းနေသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"ကျောက်ဖြူမှာက သူထိုး၊ ကိုယ်ထိုး၊ သူတပြန်၊ ကိုယ်တပြန်၊ သူအသာရ၊ ကိုယ်အသာရနဲ့ဖြစ်နေတာ။ လက်ရှိ တိုက်ပွဲအခြေအနေကတော့ မသိရသေးဘူး" ဟု ပြောသည်။

လက်ရှိတိုက်ပွဲသည် မင်းတက်‌တောင် အနီးအနားတစ်ဝိုက်နှင့် ပျားတဲကျေးရွာကြားတွင် တိုက်ပွဲပြင်းနေပြီး လက်နက်မျိုးစုံ ပစ်ခတ်သံအား မြို့ပေါ်မှ ကျယ်လောင်စွာကြားရကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်ရှိ အမှတ်(၃၂)ရဲတပ်ရင်း၊ ပြိုင်းစေ့ကေနှင့် နောက်တန်းတို့မှစုပေါင်းထားသည့် အင်အား ၄၀၀ ခန့်ပါ စစ်ကြောင်းသုံးကြောင်းသည် မင်းတက်တောင်ဖက်သို့ ဦးတည်ထိုးစစ်ဆင်လာစဉ် AA က လက်နက်ကြီးဖြင့်ပစ်ခတ်၍ စစ်ကြောင်းပြိုကာ ရာနှင့်ချီသေဆုံးမှုရှိခဲ့သည်။

ကျောက်ဖြူတွင် အကြမ်းဖက်စစ်တပ်မှ ပြည်သူ့စစ်အင်အားများကို လေယာဉ်၊ ရေကြောင်းများမှတဆင့် အင်အားထောင်နှင့်ချီထပ်မံအင်အားဖြည့်ထားပြီး အဆင့်မြင့် လက်နက်ခဲယမ်းများကိုလည်း ယခင်ကထက် ပိုမိုဖြည့်တင်းထားကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ - Daily Times Of Bangladesh
August 19, 2026
အာရက္ခတပ်တော် (AA) သည် ရေပိုင်နက် ကျူးကျော်ဝင်ရောက်မှုဖြင့် ဖမ်းဆီးထားသော...
August 19, 2026
အာရက္ခ (ရခိုင်) ပြည်၊ မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းတစ်လျှောက်တွင် မိုးသည်းထန်စွာ...
August 17, 2026
အာရက္ခတပ်တော် (AA) က ဝိုင်းဝန်းပိတ်ဆို့ထားသော နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးဗျူဟာသို့...
စစ်အုပ်စုတပ်သား (ပုံဟောင်း)
August 17, 2026
ရခိုင်ပြည် (အာရက္ခပြည်)၊ ကျောက်ဖြူစစ်မျက်နှာ နှစ်ခုအနက် အဝတောင်စစ်မျက်နှာတွင် အထိအခိုက် အကျ...