ညောင်ကျိုးကို ထိုးစစ်ဆင်သည့် စစ်တပ်စစ်ကြောင်း ကြားညှပ်တိုက်ခိုက်ခံရ၍ အကျအဆုံးများသဖြင့် လေကြောင်းမှ တရစပ် ဗုံးကြဲတိုက်ခိုက်

ညောင်ကျိုးကို ထိုးစစ်ဆင်သည့် စစ်တပ်စစ်ကြောင်း ကြားညှပ်တိုက်ခိုက်ခံရ၍ အကျအဆုံးများသဖြင့် လေကြောင်းမှ တရစပ် ဗုံးကြဲတိုက်ခိုက်

တောင်ကုတ်နှင့်ပန်းတောင်းအကြား ရခိုင်ရိုးမတောင်ပေါ်ရှိ ဆင်လမ်းကျေးရွာမှ ညောင်ကျိုးကိုထိုးစစ်ဆင်သည့် အကြမ်းဖက် စစ်တပ်စစ်ကြောင်း ကြားညှပ်တိုက်ခိုက်ခံရ၍ အကျအဆုံးများသဖြင့် လေကြောင်းမှ တရစပ် ဗုံးကြဲတိုက်ခိုက်နေကြောင်း မြေပြင်ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

“မနေ့ညက ဆင်လမ်းရွာကနေ ထိုးစစ်တက်လာတဲ့ စစ်ကြောင်း ဆင်လမ်းနဲ့ညောင်ကျိုးကြားမှာပိတ်မိသွားတယ်။ မိုးကလည်း တအားသည်းတယ်။ တိုက်ပွဲကလည်းပြင်းတယ်။ အကျအဆုံးလည်းများတယ်။ သူတို့ အကျအဆုံးများလို့ ‌အဓိက လေကြောင်းပစ်ကူတယ်။ မနေ့ကရောဒီနေ့အထိ တရစပ်ဗုံးကြဲတိုက်ခိုက်တယ်" ဟု ပြောသည်။

ယမန်နေ့ စက်တင်ဘာ ၂၁ ရက်နေ့က ရိုးပေါ်က ဆင်လမ်ကျေးရွာအား အကြမ်းဖက်စစ်တပ်မှ အခိုင်အမာ ပြန်လည်နေရာယူ တပ်စွဲကာ (AA)သိမ်းထားသည့် ညောင်ကျိုးစခန်းဖက်သို့ ထိုးစစ်ဆင်လာရာ (AA)နှင့် ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်သဖြင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး လေကြောင်းကပါ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။

“အစကတော့ AA နဲ့ ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်က ဆင်လမ်းကိုကျော်လို့ ညောင်ခြေထောက်ဖက်ခြမ်းကို ရောက်နေပြီ။ အခု ဆင်လမ်ရွာကို စစ်ကောင်စီ ပြန်ယူထားလို့ အဲ့ဒီနေရာကနေ AA သိမ်းထားတဲ့ ညောက်ကျိုးဖက်ကို ထိုးစစ်ဆင်လာတာ။ ဒီနေ့အထိပြင်းတုန်းပါ" ဟုပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ညောင်ကျိုးနှင့်ညောင်ခြေထောက်ကြား ဆင်လမ်းကျေးရွာအနီးအနားတွင် အာရက္ခတပ်တော် (AA) ဦးဆောင်သည့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်တပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့သည်။

စစ်တပ်အလောင်း ယင်းနောက် အကြမ်းဖက်စစ်တပ်ဖက်မှ လက်နက်အင်အား လူအင်အားဖြင့် တန်ပြန် ထိုးစစ်ဆင်သဖြင့် လက်ရှိတိုက်ပွဲမှာ ညောင်ကျိုးနှင့်ဆင်လမ်ကျေးရွာကြားတွင် တိုက်ပွဲ အရှိန်အဟုန်ပြင်းနေကြောင်း သိရသည်။

ဧရာဝတီတိုင်း-ရက္ခိုင်အစပ်(စက်စက်ယိုရွာအနီးပတ်ဝန်းကျင်တစ်ဝိုက်) နေရာများ ၊ ပဲခူးတိုင်း-ရက္ခိုင်အစပ် (ဆင်လမ်ရွာအနီးပတ်ဝန်းကျင်တစ်ဝိုက်) နေရာများ နှင့် ရိုးတောင်အစပ် နေရာများတွင်ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကောင်စီတပ်ဘက်မှ အင်အားအလုံးအရင်းထပ်မံဖြည့်တင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်ပြုလုပ်လာသောကြောင့် တိုက်ပွဲများမှာ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း အာရက္ခတပ်တော်(AA)မှ စက်တင်ဘာ ၁၀ ရက်နေ့ကထုတ်ပြန်ထားသည်။

Most read this week

August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...
ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...
August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...