CDF – Mara နဲ့ MDF အကြား တကျော့ပြန် ထိတွေ့တိုက်ပွဲ ပြန်ဖြစ်

CDF – Mara နဲ့ MDF အကြား တကျော့ပြန် ထိတွေ့တိုက်ပွဲ ပြန်ဖြစ်
Photo credit - CJ
Photo credit - CJ

ချင်းပြည်နယ်၊ မရာနယ်မြေမှာ မရာလက်နက်ကိုင် ၂ ဖွဲ့ဖြစ်တဲ့ CDF – Mara နဲ့ MDF အကြား မနေ့ စက်တင်ဘာလ ၈ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်မှာ နှစ်ဖက် ထိတွေ့တိုက်ပွဲ မိနစ် ၂၀ ဝန်းကျင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ CDF – Mara ဘက်က ပြောပါတယ်။

CDF – Mara ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ဂျွန်လောက “မနေ့က မနက် ၁၁ နာရီ ဝန်းကျင်လောက်မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ် ကျဆုံးအထိခိုက်တော့ ကျနော်ဘက်မှာတော့ မရှိဘူး သူတို့ဘက်က ရှိ၊ မရှိတော့ မသိဘူး။ စဖြစ်တာက သူတို့ဘက်က လှုပ်ရှားမှုရှိတာကြောင့် ကျနော်တို့ဘက်က တန်ပြန်ပစ်ခတ်တော့ မိနစ် ၂၀ လောက် ပစ်ခတ်မှုရှိပြီးတော့ လက်ရှိငြိမ်နေသေးတာပေါ့နော်” လို့ ပြောပါတယ်။

မရာနယ်မြေက ဒေသကာကွယ်ရေးတပ်ဖွဲ့ အချင်းချင်းဖြစ်တဲ့ CDF – Mara နဲ့ MDF အကြား ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ကစလို့ သြဂုတ်လ ၂၉ ရက်နေ့ အထိ တစ်လကျော်အကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး မနေ့စက်တင်ဘာလ ၈ ရက်နေ့မှာ တကျော့ပြန် ထိတွေ့တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။

IMC/ CDF – Mara တပ်ဖွဲ့ဟာ Chinland Council အဖွဲ့ဝင်ဖြစ်ပြီး MTC / MDF တပ်ဖွဲ့ဟာ ချင်းညီနောင် အဖွဲ့ဝင်ဖြစ်ကာ နှစ်ဖက်အဖွဲ့အကြား ထိန်းချုပ်နယ်မြေ အငြင်းပွားမှုတွေကြောင့် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...