CDF – Mara နဲ့ MDF အကြား တကျော့ပြန် ထိတွေ့တိုက်ပွဲ ပြန်ဖြစ်

CDF – Mara နဲ့ MDF အကြား တကျော့ပြန် ထိတွေ့တိုက်ပွဲ ပြန်ဖြစ်
Photo credit - CJ
Photo credit - CJ

ချင်းပြည်နယ်၊ မရာနယ်မြေမှာ မရာလက်နက်ကိုင် ၂ ဖွဲ့ဖြစ်တဲ့ CDF – Mara နဲ့ MDF အကြား မနေ့ စက်တင်ဘာလ ၈ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်မှာ နှစ်ဖက် ထိတွေ့တိုက်ပွဲ မိနစ် ၂၀ ဝန်းကျင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ CDF – Mara ဘက်က ပြောပါတယ်။

CDF – Mara ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ဂျွန်လောက “မနေ့က မနက် ၁၁ နာရီ ဝန်းကျင်လောက်မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ် ကျဆုံးအထိခိုက်တော့ ကျနော်ဘက်မှာတော့ မရှိဘူး သူတို့ဘက်က ရှိ၊ မရှိတော့ မသိဘူး။ စဖြစ်တာက သူတို့ဘက်က လှုပ်ရှားမှုရှိတာကြောင့် ကျနော်တို့ဘက်က တန်ပြန်ပစ်ခတ်တော့ မိနစ် ၂၀ လောက် ပစ်ခတ်မှုရှိပြီးတော့ လက်ရှိငြိမ်နေသေးတာပေါ့နော်” လို့ ပြောပါတယ်။

မရာနယ်မြေက ဒေသကာကွယ်ရေးတပ်ဖွဲ့ အချင်းချင်းဖြစ်တဲ့ CDF – Mara နဲ့ MDF အကြား ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ကစလို့ သြဂုတ်လ ၂၉ ရက်နေ့ အထိ တစ်လကျော်အကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး မနေ့စက်တင်ဘာလ ၈ ရက်နေ့မှာ တကျော့ပြန် ထိတွေ့တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။

IMC/ CDF – Mara တပ်ဖွဲ့ဟာ Chinland Council အဖွဲ့ဝင်ဖြစ်ပြီး MTC / MDF တပ်ဖွဲ့ဟာ ချင်းညီနောင် အဖွဲ့ဝင်ဖြစ်ကာ နှစ်ဖက်အဖွဲ့အကြား ထိန်းချုပ်နယ်မြေ အငြင်းပွားမှုတွေကြောင့် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...