ကျောက်ဖြူတိုက်ပွဲ ဘာတွေ ဆက်ဖြစ်နေလဲ (လှုပ်လေမြုပ်လေ အခြေအနေနှင့် မြန်မာစစ်တပ်ရင်ဆိုင်နေရ)

ကျောက်ဖြူတိုက်ပွဲ ဘာတွေ ဆက်ဖြစ်နေလဲ (လှုပ်လေမြုပ်လေ အခြေအနေနှင့် မြန်မာစစ်တပ်ရင်ဆိုင်နေရ)

အကြမ်းဖက်မြန်မာစစ်တပ်သည် ကျောက်ဖြူစစ်မျက်နှာတွင် စစ်မှုထမ်းသစ်များဖြင့် အင်အားအများအပြား ဖြည့်တင်းပြီး အာရက္ခတပ်တော်(AA)အား ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ နေရာ ၄ ခုလောက်က အပြင်းအထန် ထိုးစစ်ဆင်သော်လည်း အခြေအနေမှာ ထင်သလောက် ခရီးမပေါက်ဘဲ ၎င်းတို့၏ စစ်ရေးအနေအထားမှာ “လှုပ်လေမြုပ်လေ” အနေအထားသို့ ရောက်ရှိနေကြောင်း ကျောက်ဖြူတိုက်ပွဲများကို အနီးကပ်လေ့လာစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။

"သူတို့စစ်တပ် စစ်ကြောင်းတွေမှာ စစ်ကြောင်းကိုဦးဆောင်သူက လူဟောင်းစစ်သား ၁၀ ယောက်လောက်ဘဲ ပါတယ်။ ကျန်တဲ့ ၈၀ လောက်က ပြည်သူ့စစ်သင်တန်းဆင်းခါစတွေ။ သူတို့ဘဲများတယ်။ နယ်မြေလည်း မကျွမ်းဘူး။ အတင်းရှေ့ကို တက်ခိုင်းတယ်။ အဲဒါကြောင့် ရှေ့တန်းစစ်မြေပြင်တွေမှာ စစ်သားတွေ အလောင်းက ပုံနေတယ်။ အများစုက ပြည်သူစစ်မှုထမ်းတွေများနေတယ်” ဟု သူကပြောသည်။

လက်ရှိ ထိုးစစ်ဆင်နေသည့် စစ်တပ်စစ်ကြောင်းများသည် အေအေက ဝိုင်းပတ်ချေမှုန်းတိုက်ခိုက်၍ ရှေ့သို့လည်း တိုး၍မရဖြစ်နေသလို နောက်ဆုတ်ပါကလည်း အရေးယူခံရမည်ဖြစ်သဖြင့် “ရှေ့တိုးမရ နောက်ဆုတ်မရ ဘေးကျပ် နံကျပ်”အခြေအနေသို့ ဆိုက်ရောက်နေသည်ဟု ဆိုသည်။

“စစ်တပ်က ကျောက်ဖြူတိုက်ပွဲမှာ လှုပ်လေမြုပ်လေ အနေအထားဘဲ။ လှုပ်ရင် အေအေဆီမှာ အရှင်းခံရတယ်။ စစ်ကြောင်းတွေက အထိနာပြီး တပ်ပျက်နေတာတွေများနေတယ်။ သူတို့က အင်အားတွေဖြည့်ပြီး ထိုးစစ်

ဆင်တယ်။ အကျအဆုံးများတော့ နောက်ဆုတ်တယ်။ အင်အား ပြန်ဖြည့်ပြီး ပြန်ထိုးစစ် ဆင်တယ်။ အခုဆိုရင် စစ်တပ်က မင်းတက်တောင်၊ လိပ်ခမော်၊ ပြည်ရှည် စတဲ့နေရာတွေက အကုန်နောက်ဆုတ်နေရတာ။ AA က အချို့နေရာကောင်းတွေကို ဒီရက်ပိုင်းအတွင်း သိမ်းထားဟာတွေရှိနေတယ်”ဟု ပြောသည်။

လက်ရှိတိုက်ပွဲများသည် ရဲတပ်ရင်း ၃၂ ပတ်ဝန်းကျင်အထိပြန်ဖြစ်လာပြီး လိပ်ခမော်၊ ပြင်ရှည်၊ သစ်ပုတ်တောင် ရေတပ်ဌာနချုပ် ပတ်ဝန်းကျင်တွင်လည်း တိုက်ပွဲက ဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။

စစ်ကောင်စီ၏ဝါဒဖြန့်လော်ဘီများက ကျောက်ဖြူတိုက်ပွဲတွင် မြန်မာစစ်တပ်ကအသာစီးရနေကြောင်းကို အွန်လိုင်း (Online)ပေါ်တွင် ဓာတ်ပုံများနှင့် တင်နေသော်လည်း လက်တွေ့တွင် ထိုသို့ မဟုတ်ကြောင်း၊ AA တက်လိုက် ဆုတ်လိုက် စစ်ကစားနေခြင်းကို အနိုင်ရသည်ဟု ထင်ပြီး ပို့စ်တင်နေကြခြင်းသာ ဖြစ်ကြောင်း၊ စစ်တပ်က ထိန်းချုပ်နိုင်ပြီဟုဆို မြန်မာနိုင်ငံက တိုက်ပွဲ သတင်းများကို စစ်တပ်ပိုင်သတင်းစာများက ဖော်ပြနေကြသော်လည်း  AA နှင့် ဖြစ်ပွားနေသော တိုက်ပွဲတစ်ပွဲကိုမှ သတင်းစာတွင် မဖော်ပြဝံ့ကြောင်း ၎င်းက ပြောသည်။

“လော်ဘီတွေက စစ်ပွဲဘယ်နားမှာဖြစ်နေဆိုတာတောင်မသိဘူး။ ရမ်းသမ်းပြီး ကောက်ပြောနေတာပါ။ တကယ့်ဖြစ်နေတဲ့နေရာနဲ့ သေနေတဲ့အလောင်းတွေကို ကျနော်တို့ဒေသခံမြေပြင်ကလူတွေအသိဆုံးပါ။ အခုတိုက်ပွဲတွေမှာလည်း စကစ သေနေတာများတယ်။ စစ်မြေပြင်ဆိုတော့ ဒီအတိုင်းအလောင်းတွေကို ပစ်ထားရတယ်။ ကောက်မယ့်သူတွေတောင်မရှိဘူး။” ဟု ပြောပါတယ်။

ကျောက်ဖြူရှေ့တန်းတွင် လှုပ်ရှားရင်းသေနေ၍ စစ်တပ်စစ်ကြောင်းများသည် ဆက်လက် ထိုးစစ်ဆင်နိုင်ခြင်း မရှိတော့ဘဲ ခံစစ်အနေအထားသို့ တစ်ဖန်ပြန်ရောက်သွားပြီဟု ဆိုသည်။

ဒေသခံတစ်ဦးက ယခုရက်ပိုင်းအတွင်းတွင် စစ်သား (၅၀၀) ခန့် သေဆုံးသွားကြောင်း ကြားသိရသည်ဟု နိရဉ္စရာသို့ ပြောကြားသော်လည်း အတည်ပြုနိုင်ခြင်းတော့မရှိပါ။

ကြည်း၊ ရေ၊ လေ သုံးခုပေါင်းပြီး ထိုးစစ်ဆင်နေသည့်စစ်ကောင်စီသည် လက်ရှိရက်ပိုင်းအတွင်း အင်အားအများအပြား ကျဆုံးသွားသဖြင့် စိတ်ဓာတ်ပိုင်းများစွာကျဆင်းသွားကာ ထိုးစစ်ဆင်နိုင်ခြင်း မရှိတော့ဘဲ ရှေ့တန်းကာကင်းများ၊ ၎င်းတို့ စခန်းချရာ ကျေးရွာများတွင် ခိုအောင်းနေကြကာ အရက်သေစာ သောက်စားပြီး မူးယစ်နေကြသည်ဟု သိရသည်။

စစ်ကောင်စီသည် သူတို့ စစ်ရှုံးပြီး ပေးထားခဲ့ရသည့်နေရာများကို ပြန်လည်ရရှိရေး အားထုတ် ကြိုးပမ်းနေသလို အာရက္ခဒေသအတွင်း AA ၏ ဝန်းရံပိတ်ဆိုထားသည့် စစ်တွေနှင့်ကျောက်ဖြူမြို့ရှိ လက်ကျန်

စခန်းများ ထပ်မံ မကျစေရေးအတွက် မိမိတို့အား ထိုးစစ်ဆင်လျက်ရှိသော်လည်း အာရက္ခတပ်တော်မှ တပ်ဖွဲ့ဝင်များ၏ ကြံ့ကြံ့ခံစိတ်ဓာတ်၊ စုစည်းညီညွတ် သောခုခံစစ်၊ တန်ပြန်ထိုးစစ်အောက်တွင် အထိအခိုက်

အကျအဆုံး များစွာဖြင့်သာ ဆက်လက် ကြုံတွေ့ရလျက်ရှိကြောင်း AA ကလည်း စက်တင်ဘာ ၅ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။  

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...