ထိုင်းက ဒုက္ခသည် ၃၂,၀၀၀ ဦးကို စိုက်ပျိုးရေးလုပ်ငန်းတွင် လုပ်ကိုင်ရန် စခေါ်

ထိုင်းက ဒုက္ခသည် ၃၂,၀၀၀ ဦးကို စိုက်ပျိုးရေးလုပ်ငန်းတွင် လုပ်ကိုင်ရန် စခေါ်

ထိုင်းနိုင်ငံ ဆီစကက်ခရိုင်အတွင်းရှိ ကြံစိုက်ခင်းနှင့် လမ်းမျှားသီးခြံများ၌ အလုပ်လုပ်ကိုင်ရန် ဒုက္ခသည် ၃၂,၀၀၀ ဦးကို လုပ်ငန်းရှင်များက စတင်ခေါ်ယူနေပြီးဟု ကရင်ဒုက္ခသည်များကော်မတီ (KRC) တာဝန်ရှိသူက ပြောသည်။

အဆိုပါ စိုက်ပျိုးရေးခြံများတွင် အလုပ်သမားအမြန်လိုအပ်နေပြီး ဆီစကက် (Si Sa Ket) ခရိုင်ရှိ လုပ်ငန်းရှင်များ

က KRC နှင့် ဩဂုတ် ၃၀ ရက်နေ့တွင် လာရောက်တွေ့ဆုံကာ ဒုက္ခသည်များ အလုပ်လုပ်ခွင့်အတွက် ဆွေးနွေးခဲ့သည်ဟု သိရသည်။

“ဒုက္ခသည်တွေ အလုပ်သွားလုပ်ကိုင်နိုင်ပြီးဆိုတာ ကျနော်တို့သိရပြီး။ သူတို့ ပြောတာက အလုပ်ကအများကြီး ရှိတယ်။ လောလောဆယ် အရင်လိုတာက ကြံနဲ့ လမ်းမျှားသီးခြံအတွက် လိုတယ်လို့ ပြောတယ်” ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ KRC အတွင်းရေးမှူး စောပွယ်စေးက ကေအိုင်စီသို့ ပြောသည်။

ထိုင်းစိုက်ပျိုးရေးခြံ လုပ်ငန်းရှင်းများနှင့် KRC တွေ့ဆုံပွဲတွင် အုန်းဖြန်၊ မယ်လ ဒုက္ခသည်စခန်း တာဝန်ရှိသူများ လည်း ပါဝင်ခဲ့ပြီး ဒုက္ခသည်များ အလုပ်လုပ်ခွင့်ပြုရန် ထိုင်းလွှတ်တော်၌ တင်ပြထားမှု၊ အလုပ်သမားရရှိရေးကိစ္စ တို့ကို အဓိက ဆွေးနွေးခဲ့သည်ဟု သိရသည်။

ထို့အပြင် အလုပ်လုပ်မည့် ဒုက္ခသည်များကို ထိုင်းအစိုးရ တရားဝင်သတ်မှတ်ထားသည့် တစ်ရက်လုပ်ခ ဘတ် ၃၀၀ မှ ၄၀၀ နှုန်းအတိုင်း လုပ်ခပေးသွားမည်ဟု ထိုင်းလုပ်ငန်းရှင်များက ဆွေးနွေးပြောဆိုခဲ့သည်ဟု စောပွယ်စေးက ဆက်ပြောသည်။

ယခုလို စိုက်ပျိုးရေးခြံတွင် သွားရောက်အလုပ်လုပ်မည့် ဒုက္ခသည်များအနေဖြင့် ကျမ်းမာရေးကောင်းမွန်ရန် လိုအပ်ပြီး ကျမ်းမာရေးအတွက် ဆေးစစ်ချက်များကို လုပ်ဆောင်သွားမည်ဟု သိရသည်။

ထို့အပြင် အလုပ်ခေါ်မည့်ဒုက္ခသည် ၃၂,၀၀၀ ဦးကို ဒုက္ခသည်ဖြစ်ကြောင်း MOI,UNHCR တို့က ထုတ်ပေး ထားသည့် အသိအမှတ်ပြု လက်မှတ်ရှိရန်လိုသလို လုပ်ငန်းရှိရာဒေသသို့ မိသားစုများကိုလည်း ခေါ်ဆောင် သွားနိုင်မည်ဖြစ်သည်။ အဆိုပါ စိုက်ပျိုးရေးခြံများ၌ သွားလုပ်မည့် ဒုက္ခသည်များအနေဖြင့် တစ်နှစ်ကြာ အလုပ်လုပ်ခွင့် တရားဝင် ရရှိအောင် အလုပ်ရှင်များက စီစဉ်လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

နယ်စပ် ဒုက္ခသည်စခန်းများတွင် ဩဂုတ်လမှ စ၍ ရိက္ခာထောက်ပံ့မှု အားလုံးနီးပါး ဖြတ်တောက်ခံရပြီး နောက် စားဝတ်နေရေးခက်ခဲလာသည့်အချိန်တွင် ထိုင်းအစိုးရက ဒုက္ခသည်များကို တရားဝင် အလုပ်လုပ်ခွင့် ပေးမည်ဟု ပြီးခဲ့သည့် ဩဂုတ် ၂၉ ရက်နေ့က ထုတ်ပြန်ထားသည်။

Most read this week

Photo: KNA
January 24, 2026
ကရင်နယ်ခြားစောင့်တပ်-BGF အသွင်ပြောင်းထားသည့် ကရင်အမျိုးသားတပ်မတော်-KNA တပ်ဖွဲ့များကို...
January 23, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊  တောအူး(တောင်ငူ)ခရိုင်၊ လိပ်သိုမြို့နယ် မစကျေးရွာတွင်...
January 22, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာတွင်...
January 22, 2026
KNLA တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဂီနွီးနှင့် တွေ့ဆုံမေးမြန်းခြင်း...