စစ်ရှောင်စခန်းတစ်နေရာကို Y-12 လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် ကလေးငယ်အပါဝင် သုံးဦး ထိခိုက်ဒဏ်ရာရ

စစ်ရှောင်စခန်းတစ်နေရာကို Y-12 လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် ကလေးငယ်အပါဝင် သုံးဦး ထိခိုက်ဒဏ်ရာရ

ဒီကနေ့ စက်တင်ဘာလ (၁) ရက်နေ့ နံနက် ၈ နာရီကျော်အချိန်မှာ ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ရှောင် စခန်းတစ်နေရာကို စစ်ကော်မရှင်က Y-12 လေယာဉ် အမျိုးအစားနဲ့ ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီ လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် (၁၂) ဝန်းကျင်အရွယ် ကလေးနှစ်ဦးနဲ့ အသက် (၅၀) အရွယ် အမျိုးသမီးတစ်ဦး ဗုံးထိမှန်ခဲ့ပါတယ်။ အသက် ၁၂ နှစ်အရွယ် ယောင်္ကျားလေးရဲ့ ညာဖက်လက်မှာ ဗုံးစ ထိမှန်ခဲ့ပြီး မိန်းကလေးငယ်တစ်ဦးကတော့ ပေါင်ကို ထိမှန်ခဲ့တာပါ။ အသက် (၅၀) ကျော်အရွယ် အမျိုးသမီးကတော့ ခြေသလုံးနဲ့ မျက်နှာမှာ အစထိမှန်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောပါတယ်။

“သူလာတော့ (Y-12) ကျမတို့ ဟို့ တောင်ယာ သွားနေတာ။ လေယာဉ်ကြဲတဲ့အသံကို ကျမတို့ကြားတယ်။ မဟုတ်တော့ဘူးဆိုပြီး ပြန်လာတာ ပြန်ရောက်တော့ အကုန်ထိကုန်တယ်။” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

အခုလို တိုက်ပွဲဖြစ်ပွားခြင်းနဲ့ အလှမ်းဝေးတဲ့ စစ်ရှောင်စခန်းကို လေယာဉ် ဗုံးကြဲသွားတာကြောင့် စစ်ရှောင်တွေဟာ စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။

”ဒီလေယာဥ်ကြောင့် ကျမတို့ တအားကြောက်စိတ်ဝင်ရတယ်။ကလေးတွေကျောင်းတက်တာလည်း အဆင်မပြေဘူး။ ကျမတို့က စစ်ဘေးရှောင်ရပါတယ်ဆိုမှပဲ သူတို့ (စစ်ကော်မရှင်) ဒီလိုထပ်လာလုပ်တော့ ကျမတို့လည်း ကလေးတွေကို ကျောင်းပို့မလား ဝမ်းစာပဲ ရှာစားရမလား။ဘယ်လိုပူပန်ရမှန်းမသိဘူး။ သောကရောက်တယ်။” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအစောပိုင်းကစပြီး စစ်ကော်မရှင်က ဒီးမောဆိုမြို့နယ်ကို စစ်ကြောင်းထိုးလာပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရှိရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကိုလည်း စစ်ကော်မရှင်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေယာဥ်နဲ့ ဗုံးကြဲတာတွေကြောင့် လူထုတွေဟာ စိုးရိမ်ပူပန်နေကြရပါတယ်။

June 16, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာခံနဲ့ စစ်ဘေးရှောင်တွေ နေထိုင်တဲ့နေရာတွေမှာ...
June 15, 2026
ကရင်နီပြည်တစ်နေရာမှာ ကညားမော်ဖောင်ဒေးရှင်းက ဦးဆောင်ပြုလုပ်ခဲ့တဲ့ တစ်လခွဲကြာ...
June 13, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက ဆိုလဖဲခို ကျေးရွာမှာ ရာသီတုပ်ကွေးကြောင့် ဒေသခံတွေ...
June 13, 2026
“ကျမတို့ စနစ်သစ်မှာဆိုရင် ကျောင်းသား ၃၀ ဦးကို ၁ ခန်း (စာသင်ခန်း)နှုန်းနဲ့ ကျမတို့ သတ်မှတ်တယ်။ ၃၀...