CDF – Mara နဲ့ MDF အကြားထိတွေ့တိုက်ပွဲတွေပြန်ငြိမ်နေ

CDF – Mara နဲ့ MDF အကြားထိတွေ့တိုက်ပွဲတွေပြန်ငြိမ်နေ

ချင်းပြည်နယ်၊ မရာနယ်မြေမှာ ၁ လကျော်အကြာ ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ CDF – Mara နဲ့ MDF အကြား ထိတွေ့တိုက်ပွဲတွေ သြဂုတ်လ ၂၉ ရက်နေ့ကစလို့လက်ရှိအချိန် ပြန်ငြိမ်နေတယ်လို့ CDF – Mara က Chin World Media ကိုပြောပါတယ်။

CDF – Mara ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ဂျွန်လောက “လောလောဆယ် တိုက်ပွဲတွေက ငြိမ်နေတယ် ၂၉ ရက်နေ့ကစလို့ပေါ့ သူတို့ဖက်က အထိအခိုက်လေးရှိတော့ ငြိမ်သွားတယ်လို့ ထင်ပါတယ် ခုလက်ရှိက MDF / AA ဘက်က CDF ဘက် ထိုးစစ်ဖို့ပြင်ဆင်နေတာပေါ့ AA ပါတယ်လို့ ကျနော်တို့ပြောတာက အသံဖိုင် အထောက်အထားရှိလို့ပါ” လို့ ပြောပါတယ်။

မရာနယ်မြေက ဒေသကာကွယ်ရေးတပ်ဖွဲ့ အချင်းချင်းဖြစ်တဲ့ CDF – Mara နဲ့ MDF အကြား ဖြစ်နေတဲ့ တိုက်ပွဲပဋိပက္ခတွေ ရပ်ဆဲပြီး ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ MDF အနေနဲ့ CDF – Mara ဌာနချုပ်ဧရိယာကနေ ပြန်ဆုတ်မယ်ဆိူရင် ငြိမ်းချမ်းရေးအတွက် အမြဲတမ်းကြိုဆိုတဲ့အကြောင်းကိုလည်း CDF - Mara ဘက်က ပြောပါတယ်။

CDF – Mara ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ဂျွန်လောက “၂ ဖက်လုံးတိုက်ပွဲလျော့ချနိုင်ဖို့ သူတို့ဘက်က AA ကို နောက်ဆုတ်ခိုင်းလိုက် MDF အနေနဲ့သူတို့ ဌာနချုပ် ဘက်ကိုရွှေ့နိုင်မယ်ဆိုရင် အဲလိုရွှေ့နိုင်မယ်ဆိုရင် ဒီအပစ်ခက်ရပ်ဆဲတာတို့ ဒီငြိမ်းချမ်းရေးနဲ့ ပက်သက်တာတို့ကို အမြဲတမ်းကြိုဆိုနေမယ် အခုချိန်ထိက တကူးတက AA ဖိတ်ခေါ်ပြီးမှ အစက CB လည်းပါတယ် နောက်ပိုင်းတော့ မပါတော့ဘူးပေါ့နော် ကျနော်တို့ ဌာနချုပ်ဧရိယာကို သိမ်းပိုက်မယ်ဆိုတဲ့ဟာနဲ့ တက်လာတော့ ကျနော်တို့လည်း သည်းခံနိုင်စွမ်းက ကုန်သွားတာပေါ့နော်” ဟု ပြောပါတယ်။

Chinland Council အဖွဲ့ဝင် IMC / CDF – Mara တပ်ဖွဲ့နဲ့ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ MTC / MDF တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ကစလို့ ချင်းပြည်နယ် မရာနယ်မြေမှာ ၂ ဖက်တပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

June 17, 2026
မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက ပြစ်ဒဏ်ကျခံပြီးသား...
June 16, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ မှာ  ဇွန်လ ၁၅ ရက်နေ့မနက်ပိုင်းတွင် အမှတ် (၇) ကျောင်းကို...
June 15, 2026
ချင်းပြည်နယ်၊ မတူပီမြို့နယ် ၊ ငလိုင်ရွာမှာ ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်း ၆ နာရီလောက်မှာ...
June 13, 2026
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ Khumi People Front (KPF) နာမည်နဲ့ အသစ်ပေါ်ထွက်လာတဲ့...