ပုလဲမြို့နယ်တွင် စစ်ရှောင်နေရသည့် ဒေသခံ ၃၀,၀၀၀ ခန့် စားဝတ်နေရေး အခက်ကြုံ

ပုလဲမြို့နယ်တွင် စစ်ရှောင်နေရသည့် ဒေသခံ ၃၀,၀၀၀ ခန့် စားဝတ်နေရေး အခက်ကြုံ

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်တွင် ဖြစ်ပွားနေသည့် စခန်းသိမ်းတိုက်ပွဲများနှင့် စစ်ကော်မရှင်တပ် စစ်ကြောင်း များကြောင့် စစ်ရှောင်နေရသည့် ဒေသခံ ၃၀,၀၀၀ ခန့်သည် စစ်ရှောင်ရက်ကြာမြှင့်လာပြီး၊ စားဝတ်နေရေး အခက်ကြုံနေရကြောင်း သိရသည်။

၎င်းတို့သည် ယခုနှစ် ဇွန်လတွင် စတင် စစ်ဘေးရှောင်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ဒီကာလ တလျှောက်လုံး ကြောက်ကြောက်လန့်လန့် နေရတယ်။ နေထိုင်ရေးဆိုလည်း ယာခင်းလေးတွေထဲမှာ မိုးကာတဲလေးတွေနေရတယ်။ တချို့က ထန်းရွက်လေးတွေ ကာပြုပြီးပေါ့။ တရက်လည်း မဟုတ်၊ အလုပ်အကိုင်ကမရှိတော့ စားသောက်ရေးလည်း အခက်ဖြစ်နေတယ်” ဟု အသက် ၄၀ အရွယ် ဒေသခံ အမျိုးသမီးတဦးက ဆိုသည်။

ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းအား အင်အားဖြည့်တင်းရန်ရောက်ရှိလာသည့် စစ်ကူအင်အားနှင့် အထိုင်တပ် စခန်းများရှိ စစ်ကော်မရှင်တပ်များ ပူးပေါင်းကာ အင်အား ၃၀၀ ခန့်ဖြင့် မင်းတိုင်ပင် ကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

“ရွေးကောက်ပွဲအတွက် စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ဒေသတွေကို စိုးမိုးထားပြီဆိုတဲ့ ပုံရိပ် ပြချင်တဲ့ သဘောနဲ့ စစ်ကြောင်းထိုးလာတာပါ။ ဒီဘက်မှာ ထိတွေ့မှုတွေကတော့ ဆက်ဖြစ်နေတုန်းပါပဲ” ဟု တော်လှန်ရေးရဲဘော် တဦးဖြစ်တဲ့ ကိုနေမင်းက မဇ္ဈိကို ပြောသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ကို စစ်ကော်မရှင်တပ်က အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးပြီး မင်းတိုင်ပင်ကျေးရွာတွင် တပ်စွဲကာ မုံရွာ- ပုလဲ- ဂန့်ဂေါ် လမ်းပိုင်းကို နယ်မြေစိုးမိုးမှု ရရှိရေး ဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါ စစ်ကော်မရှင်တပ်ရန်ကြောင့် ပုလဲမြို့နယ်အတွင်းက မင်းတိုင်ပင်၊ နှောရိုး၊ မြကုန်း၊ လက်ပုကန် စတဲ့ ကျေးရွာ ၂၀ ခန့်မှ ဒေသခံများ စစ်ရှောင်ရက် ကြာမြှင့်လာပြီး စားသောက်ရေးနှင့် နေထိုင်ရေး အခက် ဖြစ်နေကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - စစ်အုပ်စု (ညောင်တုန်းချောင်းဝတာ ပြိုကျပျက်စီးမှုများအား ပြင်ဆင်ထားသည်ကို ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။)
September 14, 2026
ကြံ့ခိုင်မှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပင်မတာဘောင် မကြာခဏ ပြိုကျမှုများ ဖြစ်ပွားနေသည့်...
ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...