ကျောက်ဖြူတွင် အကြမ်းဖက်စစ်တပ်၏နေဗီက လက်နက်ကြီးကျည်များဖြင့်ပစ်ခတ်၍ အရပ်သားတစ်ဦးဒဏ်ရာရ

ကျောက်ဖြူတွင် အကြမ်းဖက်စစ်တပ်၏နေဗီက လက်နက်ကြီးကျည်များဖြင့်ပစ်ခတ်၍ အရပ်သားတစ်ဦးဒဏ်ရာရ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ်ဖက်သို့ အကြမ်းဖက်စစ်တပ်၏နေဗီက လက်နက်ကြီးကျည်များဖြင့်ပစ်ခတ်၍ အပြစ်မဲ့အရပ်သားတစ်ဦးဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသူမှာ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်ဘောင်ကြီးရွာမှ ဦးမင်းမင်းကြီး (၅၁)နှစ်ဖြစ်သည်။

အဆိုပါကျေးရွာကို ဩဂုတ် ၂၇ ရက်၊ ညနေပိုင်းက ဇင်ချောင်းရွာအနီးပင်လယ်ပြင်တွင် ရပ်နားထားသည့် အကြမ်းဖက်စစ်တပ်၏နေဗီက လက်နက်ကြီးကျည်များဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယင်းသို့ပစ်ခတ်ခဲ့မှုကြောင့် ဇင်ချောင်းကုန်းဘောင်ရွာသို့ လက်နက်ကြီးကျည်နှစ်လုံးကျရောက်ခဲ့ပြီး ဦးမင်းမင်းကြီး၏ ဦးခေါင်းတွင် လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသွားခြင်းဖြစ်သည်ဟု ကျောက်ဖြူဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"နေဗီကနေပစ်တာ လက်နက်ကျည် နှစ်လုံးကျတယ်။ တစ်လုံးက ရွာအနားမှာတလုံး၊ နောက်တစ်လုံးက ရွာထဲမှာ။ လူတစ်ယောက်ဒဏ်ရာရတယ်။ ကျည်စမှန်သွားတာ ခေါင်းမှာ "ဟု ပြောသည်။

အကြမ်းဖက်စစ်တပ်၏ ကျောက်ဖြူအခြေစိုက်တပ်ရင်းများသာမက နေဗီများကပါ လက်နက်ကျည်များပစ်ခတ်နေသည့်အတွက် ကမ်းစပ်အနီးအနားရှိကျေးရွာများမှဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"လက်နက်မျိုးစုံနဲ့ပစ်ခတ်နေလို့ ဟိုဖက်မှာဖြစ်ရင် ဟိုဖက်ပြေး၊ ဒီဖက်မှာပစ်ရင် ဒီဖက်ပြေး ပြေးနေရတယ်။ အကြမ်းဖက်စစ်တပ်က အရပ်သားတွေနေရာကို ပိုပြီးပစ်မှတ်ထားတိုက်ခိုက်နေတယ်" ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အကြမ်းဖက်မှစစ်တပ်ဘက်မှ အထိနာအကျအဆုံးများနေသဖြင့် ကြည်း၊ ရေ၊ လေ သုံးမျိုးဖြင့် ပိုမိုတိုက်ခိုက်မှုပြုလုပ်လျက်ရှိရာ အရပ်သားများလည်း ထိခိုက်မှုရှိနေကြကြောင်း သိရသည်။

သြဂုတ်လ ၂၅ ရက်နေ့၊ ည ၁၁ နာရီခွဲခန့်ကလ‎ည်း မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို အကြမ်းဖက်လေတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀)ဗုံးနှစ်လုံးကြဲချခဲ့သဖြင့် အလှူလုပ်ရန် ပြင်ဆင်နေကြသော မိသားစုဝင်များနှင့် ၎င်းပတ်ဝန်းကျင်အနီးအနားမှ ကလေးငယ်ငါးဦးအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ (၁၄)ဦး သေဆုံးသွားခဲ့ပြီး ၁၈ ဦးဒဏ်ရာရခဲ့သည်ဟု အာရက္ခတပ်တော်(AA)က ထုတ်ပြန်ထားသည်။

အလားတူ အကြမ်းဖက်လေတပ်သည် သြဂုတ်လ ၂၆ ရက်ကလည်း မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာပြင်ကို ဂျက်ဖိုက်တာနှင့်ထပ်မံဗုံးကြဲခဲ့သလို ပေါက်တောမြို့နှင့် တောင်ညိုကြား သပိတ်တောင်နှင့် လယ်ကွင်းများကိုလည်း ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

June 12, 2026
မောင်စာဂ — ရခိုင်ပြည်ရှိ မြို့နယ်အချို့တွင် လူနာ ၃ဝ ကျော်အထိ သွေးလွန်တုတ်ကွေးရောဂါဖြစ်နေ၍...
June 12, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က မြို့စွန့်ခွာဖို့ သတိပေးထုတ်ပြန်ထားတဲ့ တစ်ဖက်မှာ...
June 11, 2026
ပိုးဝါ — ကျောက်ဖြူမြို့နယ် သံဇစ်မြစ်ထဲတွင် ရပ်နားထားသည့် အကြမ်းဖက်စစ်တပ်၏ နေဗီကြီးတစ်စီးမှ...
Photos- MOI
June 10, 2026
ပိုးဝါ — AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးထောင်ချခံရပြီး ကျောက်ဖြူအကျဉ်းထောင်မှ အာဏာသိမ်း သမ္မတ...