ဖရူဆိုမှာ စစ်ကော်မရှင်က ညအချိန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံနဲ့ စစ်ဘေးရှောင်တွေ စိုးရိမ်

ဖရူဆိုမှာ စစ်ကော်မရှင်က ညအချိန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံနဲ့ စစ်ဘေးရှောင်တွေ စိုးရိမ်
Photo - CJ
Photo - CJ

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင်ရဲ့ အခြေစိုက်တပ်စခန်းတွေကနေ စစ်ရေးလှုပ်ရှားမှုရှိနေပြီး ညအချိန်မှာ လက်နက်ကြီးတွေ မကြာခဏ ပစ်ခတ်နေတာကြောင့် ဒေသခံနဲ့ စစ်ဘေးရှောင်တွေ စိုးရိမ် နေကြတယ်လို့ ဆိုပါတယ်။

“အခု ရက်ပိုင်းလည်း ကြောက်စိတ်ကြောင့် ကယောင်ကတမ်း ဖြစ်ကုန်တယ်။ စစ်တပ်က ရွာနားထိ ရောက်လာတယ်။”လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာ စစ်ကော်မရှင်တပ်က ဖရူဆိုမြို့ပြင်အထိ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေတာတွေ ရှိတဲ့အတွက် လူထုတွေအနေနဲ့ သွားလာရေးတွေ အထူးဂရုစိုက်ကြဖို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာတော့ စစ်ကောင်စီအခြေစိုက်တပ်ရင်းဖြစ်တဲ့ ခမရ ၅၃၁၊ ခလရ ၄၂၈၊ မြို့မရဲစခန်းနဲ့ အမှတ် ၁၄ တန်းမြှင့်စစ်လေ့ကျင့်ရေးသင်တန်းကျောင်း ရှိပါတယ်။

May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...