ထိုင်းအစိုးရက ပေးတဲ့အခွင့်အလမ်းက နယ်စပ်ဒုက္ခသည်တွေကို ဂုဏ်သိက္ခာမြင့်တင်ပေးတဲ့ ဗျူဟာမြောက်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ IEC ပြော

ထိုင်းအစိုးရက ပေးတဲ့အခွင့်အလမ်းက နယ်စပ်ဒုက္ခသည်တွေကို ဂုဏ်သိက္ခာမြင့်တင်ပေးတဲ့ ဗျူဟာမြောက်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ IEC ပြော

ထိုင်းအစိုးရက နယ်စပ်ဒုက္ခသည်တွေကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ပေးလိုက်တဲ့ အခွင့်အလမ်းက ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ မြန်မာဒုက္ခသည်တွေရဲ့ ဂုဏ်သိက္ခာ၊ မိမိကိုယ်ကို အားကိုးမှုနဲ့ ကောင်းမွန်စွာ နေထိုင်နိုင်ခြင်းတွေကို မြင့်တင်ပေးနိုင်တဲ့ မဟာဗျူဟာမြောက် မူဝါဒတစ်ခုဖြစ်တာကြောင့် ကြိုဆို ဝမ်းမြောက်ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က ဒီကနေ့ သြဂုတ် ၂၈ မှာ ထုတ်ပြန်ပါတယ်။

နယ်စပ်ဒေသရှိ ရွှေ့ပြောင်းနေထိုင်သူတို့ရဲ့ လုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ အခွင့်အလမ်းကို မြှင့်တင်သွားဖို့ သက်ဆိုင်ရာနယ်ပယ်တွေမှာ ထိုင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း IEC က ကတိပြုထားပါတယ်။

နိုင်ငံတကာအကူအညီရပ်တန့်သွားချိန်မှာ ထိုင်းအစိုးရက ဒုက္ခသည်လူထုအတွက် အသစ်တဖန် မျှော်လင့်ချက်နဲ့ အခွင့်အလမ်း‌ ပံ့ပိုးပေးတာကိုလည်း ကျေးဇူးတင်ကြောင်း IEC က ပြောပါတယ်။

နိုင်ငံတကာ အကူအညီရပ်တန့်ပြီးနောက် နယ်စပ်ဒေသက ကရင်နီဒုက္ခသည်အပါအဝင် ဒုက္ခသည်စခန်း ၉ ခုရှိ မြန်မာ့ဒုက္ခသည်တွေကို ထိုင်းအစိုးရက တရားဝင်အလုပ် လုပ်ကိုင်ခွင့်ကို သြဂုတ်လ ၂၅ ရက်နေ့မှာ အတည်ပြုလိုက်တာပါ။

ကရင်နီဒုက္ခသည်လူထုတွေကတော့ စားဝတ်နေရေးစရိတ်အတွက် နီးစပ်ရာမှာ အလုပ်တွေ တရားမဝင် ထွက်လုပ်ခဲ့ကြရတာကြောင့် ထိုင်းအစိုးရရဲ့ ဒုက္ခသည်အ‌ရေး မူဝါဒအသစ်ပေါ် မျှော်လင့်ချက်တွေ ရှိလာကြတယ်လို့လည်း ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

“တရားဝင်သွားလို့ရပြီဆိုရင် စားဝတ်နေရေးအတွက် ပူပန်ရတာ နည်းနည်းသက်သာလာမှာပေါ့။ အလုပ်ပေါ်မှာလည်း မူတည်အုံးမယ်လေး။ အလုပ်က ဝင်ငွေကောင်းရရင်တော့ အများကြီးပြောင်းလဲနိုင်မယ် ကျောင်းစရိတ်ကစပေါ့” လို့ သူက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် တလျှောက် မြန်မာဒုက္ခသည်စခန်း ၉ ခုရှိပြီး ကရင်နီလူထုတွေနေထိုင်တဲ့ စခန်းနှစ်ခု ပါဝင် ပါတယ်။

အခုလိုထိုင်းအစိုးရက တရားဝင်အလုပ် လုပ်ကိုင်ခွင့်ပေးတာကလည်း နှစ်ပေါင်း ၄၁ နှစ်အတွင်း စတင်လာတဲ့ ဒုက္ခသည်အရေးရဲ့ အရွေ့တစ်ခုဖြစ်တယ်လို့ ဒုက္ခသည်တွေက ပြောကြပါတယ်။

Most read this week

June 16, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာခံနဲ့ စစ်ဘေးရှောင်တွေ နေထိုင်တဲ့နေရာတွေမှာ...
June 15, 2026
ကရင်နီပြည်တစ်နေရာမှာ ကညားမော်ဖောင်ဒေးရှင်းက ဦးဆောင်ပြုလုပ်ခဲ့တဲ့ တစ်လခွဲကြာ...
June 13, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက ဆိုလဖဲခို ကျေးရွာမှာ ရာသီတုပ်ကွေးကြောင့် ဒေသခံတွေ...
June 13, 2026
“ကျမတို့ စနစ်သစ်မှာဆိုရင် ကျောင်းသား ၃၀ ဦးကို ၁ ခန်း (စာသင်ခန်း)နှုန်းနဲ့ ကျမတို့ သတ်မှတ်တယ်။ ၃၀...