စစ်ရှောင်စခန်းတစ်နေရာကို စစ်ကော်မရှင် ဗုံးကြဲ၊ ကလေးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရ

စစ်ရှောင်စခန်းတစ်နေရာကို စစ်ကော်မရှင် ဗုံးကြဲ၊ ကလေးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရ

ကရင်နီပြည်၊ ဘောလခဲမြို့အစပ်က စစ်ရှောင်စခန်းတစ်နေရာကို ဒီကနေ့ ဩဂုတ်လ ၂၆ ရက်နေ့ မနက် ၁ နာရီဝန်းကျင်မှာ စစ်ကော်မရှင်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် အသက် ၄၀ ကျော်ရွယ်တစ်ဦး နဲ့ ၁၆နှစ်အောက် ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ရင်ဘတ်၊ တင်ပါး၊ ခြေသလုံးမှာ ဗုံးစ ထိမှန်ခဲ့ပြီး တစ်ဦးမှာတော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရှိရပါတယ်။

“ထိခိုက်မှုရှိတယ် သုံးယောက်။ အသက်အရွယ်က ၁၆ နှစ်အောက် နှစ်ယောက်၊ ၄၀ ကျော်က တစ်ယောက် အားလုံးက ယောကျာ်းလေးတွေပဲ။ အဲ့မှာနေတာလည်း လူများတယ်။ မနက် ၁ နာရီမှာ ဂျက်ဖိုက်တာနဲ့ အရင်ဆုံးလာကြဲတယ်။ ဖိုက်တာပြန်သွားတော့ Y-12 နဲ့ ထပ်လာကြဲတယ်။ အလုံးရေ ၂၀ ၊ ၃၀ လောက်ရှိမလားမသိဘူး တော်တော်ကြာတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါနေရာဟာ နန်းဖဲကျေးရွာခံတွေ အများဆုံး နေထိုင်ကြတဲ့ နေရာဖြစ်ပြီး လူဦးရေ များပြားတယ်လို့ ဆိုပါတယ်။

ယခုဩဂုတ်လအတွင်း စစ်ကော်မရှင်တပ်က အရပ်သားတွေရှိတဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ထက်မနည်း ပြုလုပ်ထားပါတယ်။ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို ဗုံးကြဲမှုအတွင်း အရပ်သား ၃၃ ဦး ထိသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်အတွင်းကိုလည်း လေကြောင်းတိုက်ခိုက်မှု မကြာခဏ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၅ခုနှစ် ဇူလိုင်လအထိ ကရင်နီပြည် နဲ့ အလယ်ကယန်းဒေသအတွင်း စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ (၂၀၁၀) ရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဩဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...