နန်းမယ်ခုံ မြို့နယ်တွင်းမှ အရေးပေါ် ရွှေ့ပြောင်းရတဲ့ လူဦးရေ ၁၆,၀၀၀ နီးပါး လိုအပ်ချက်တွေ မြင့်မားနေဆဲ

နန်းမယ်ခုံ မြို့နယ်တွင်းမှ အရေးပေါ် ရွှေ့ပြောင်းရတဲ့ လူဦးရေ ၁၆,၀၀၀ နီးပါး လိုအပ်ချက်တွေ မြင့်မားနေဆဲ
Photo - CJ
Photo - CJ

ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာမှုကြောင့် အရေးပေါ် ပြောင်းရွေ့နေထိုင်ကြရတဲ့ စစ်ဘေးရှောင်ဦးရေ ၁၆,၀၀၀ နီးပါးဟာ လိုအပ်ချက်၊ စိန်ခေါ်မှုတွေ မြင့်မားနေတယ်လို့ IEC က ပြောပါတယ်။

စစ်ရှောင်ထိုးလာတာကြောင့် ဒုတိယအကြိမ် အရေးပေါ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရပြီး အရင်ရှိနှင့်နေပြီးသား စစ်ရှောင်တွေထက် လိုအပ်ချက် စိန်ခေါ်မှုတွေ ပိုမို ကြီးမားနေတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ရဲ့ နန်းမယ်ခုံ မြို့နယ်အုပ်ချုပ်ရေး လူစာပြန် တာဝန်ခံ တစ်ဦးက အခုလို ပြောပါတယ်။

“နန်းမယ်ခုံ မြို့နယ်ဟာ တခြား မြို့နယ်တွေကို အရေးပေါ် ပြောင်းရွေ့ရသည့် နကိုယ်ရှိရင်း စစ်ရှောင်များထက် စိန်ခေါ်မှုတွေက ပိုမို များပြားတယ်။ နေထိုင်ရေး ၊ စားသောက်ရေး ၊ ပညာရေး တွေကအစ ကျန်းမာရေးတွေအဆုံး လိုအပ်ချက်တွေ စိန်ခေါ်မှုတွေက ပိုမိုကြီးမားတယ်” လို့ IEC ရဲ့ နန်းမယ်ခုံ မြို့နယ်အုပ်ချုပ်ရေး လူစာပြန်တာဝန်ခံ တစ်ဦးက ပြောပါတယ်။

လုံခြုံမယ်လို့ ယူဆရတဲ့ မြို့နယ် အသီးသီးမှာ ပြောင်းရွေ့နေထိုင်ကြပြီး ပညာရေးအတွက် စာသင်ကျောင်းတွေ ကိုယ်ထူကိုယ်ထ ပြန်လည်ဖွင့်လှစ်နေတဲ့ ကျောင်းတွေ ရှိသလို တချို့ကျောင်းတွေမှာလည်း အမိုးအကာ လိုအပ်ချက်တွေ များစွာရှိနေသေးတယ်လို့ သူက ဆိုပါတယ်။

နန်းမယ်ခုံ မြို့နယ်ဟာ စစ်မရှင်တပ် စစ်ကြောင်းမထိုးလာခင်မှာတော့ စာသင်ကျောင်းပေါင်း ၂၇ ကျောင်း ဖွင့်လှစ်သင်ကြားခဲ့တာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ် ဟာ မိုးဗြဲမြို့ကို ပြီးခဲ့တဲ့ ဇူလိုင်လ (၁) ရက်နေ့မှာ ပြန်လည် ထိန်းချုပ်ပြီးတဲ့ နောက်ပိုင်း ဒီးမော့ဆိုကို ထပ်မံစစ်ကြောင်း ထိုးလာတာကြောင့် နန်းမယ်ခုံ မြို့နယ်ကို လာရောက် တိမ်းရှောင်နေကြတဲ့ စစ်ရှောင် အပါအဝင် ဒေသခံတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။ နန်းမယ်ခုံ မြို့နယ် အတွင်းမှာတော့ စစ်ရှောင်အပါအဝင် ဒေသခံ စုစုပေါင်း လူဦးရေ ၁၆,၀၀၀ နီးပါးရှိပြီး အိမ်ထောင်စုပေါင်း ၃,၇၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...