မုံရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အုပ်စုစစ်ကြောင်းက ကျောက္ကာကျေးရွာကို မီးရှို့ဖျက်ဆီး

မုံရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အုပ်စုစစ်ကြောင်းက ကျောက္ကာကျေးရွာကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာကျေးရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ် ပွားပြီးနောက် စစ်အုပ်စုစစ်ကြောင်းသည် ကျောက္ကာ(တောင်)ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြို့ နယ်(ပလဖ) ထံမှ သိရသည်။

ယမန်နေ့ (ဩဂုတ်လ ၁၈ ရက်)ညနေပိုင်းက ထိတွေ့မှုဖြစ်ပွားပြီးနောက် စစ်အုပ်စုစစ်ကြောင်းသည် ကျောက္ကာ(တောင်)ရွာကို ည ၇ နာရီ ၄၉ မိနစ်စ၍ မီးရှိုဖျက်ဆီးခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြား ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

“မနေ့ညက စပြီးမီးရှို့တာ။ အခုမနက်တော့ ရှို့တာမရှိဘူး။ သူတို့ စစ်ကြောင်းတက်လာလို့ ဒီဖက်ကအဖွဲ့ တွေကလည်း ချမလို့ပြင်နေကြပြီ” ဟု မုံရွာ(ပလဖ)တာဝန်ခံ ကိုအာကူးက ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် ပြောသည်။

အဆိုပါ စစ်အုပ်စုစစ်ကြောင်းသည် ဩဂုတ်လ ၈ ရက်နေ့မှစတင်၍ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်ခွာလာကာ မုံရွာစီးပွားရေးတက္ကသိုလ်တွင်တပ်စွဲပြီး ကျေးရွာများကိုစစ်ကြောင်း ထိုးမီးရှို့နေခြင်းဖြစ် သည်။

စစ်အုပ်စုစစ်ကြောင်းသည် မုံရွာမြို့နယ်အတွင်းရှိ ရေနံကုန်းကျေးရွာ၊ ကျောက္ကာ(တောင်)ရွာ အပါအဝင် ကျေးရွာ လေးရွာထက်မနည်းကို မီးရှို့ဖျက်ဆီးထားကြောင်း ဒေသတွင်းအဖွဲ့အစည်းများထံမှ သိရသည်။

“ကျေးရွာတွေကို မီးရှို့တယ်။ အဲဒီမှာက ဆီခြံ(ရေနံချက်ဖို)တွေရှိတယ်။ သူတို့လာတော့ ပိုင်ရှင်တွေက ထွက်ပြေးတဲ့အခါ မီးရှို့ရမလား ပိုက်ဆံပေးမလားဆိုပြီး ငွေညှစ်တာတွေရှိတယ်” ဟု ကိုအာကူးက ဆက် ပြောသည်။

စစ်ကြောင်းထိုးရာတလျှောက်တွင် ပြည်သူများကို ဖမ်းဆီးမှုများလည်းရှိပြီး ၁၀ ဦး ထက်မနည်းဖမ်းဆီး ခံထားရကြောင်း မုံရွာမြို့နယ်(ပလဖ)အဖွဲ့ထံမှ သိရသည်။

ယနေ့နံနက်ပိုင်းတွင် စစ်အုပ်စုစစ်ကြောင်းသည် ကျောက္ကာ(မြောက်ရွာ)တွင်ရှိနေသေးပြီး အရာတော်မှ လာသည့် စစ်ကြောင်းနှင့် ပူးပေါင်းထား၍ အင်အား ၄၀၀ ထက်မနည်းရှိနေကာ စစ်ရေးတင်းမာနေသည့် အနေအထား ဖြစ်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

Most read this week

စစ်အုပ်စုတပ်၏မီးရှို့ဖျက်ဆီးမှုကြောင့် ပြာကျသွားသည့် မြစ်ခြေမြို့နယ်အတွင်းရှိနေအိမ် တလုံးကို တွေ့ရစဉ် (ပုံအဟောင်း)⁩
June 16, 2026
မကွေးတိုင်း ပခုက္ကူခရိုင် မြစ်ခြေမြို့တွင် စစ်အုပ်စုတပ်က ရိက္ခာပြန်ယူသည့် ဒေသခံ နှစ်ဦးနှင့်...
June 15, 2026
စစ်အုပ်စု စစ်ကြောင်းထိုးနေသည့်အတွက် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့နှင့် အနီးတဝိုက်မှ...
June 13, 2026
ကျားဖြန့်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လျက်ရှိသည့် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီခရိုင်၊...
June 12, 2026
ရောင်နီ — အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က နာမည်အသစ်ဖြင့် ထုတ်လုပ်ထားသည့်  “ Keen Beer...