ကန်ပက်လက်မြို့လေကြောင်းတိုက်ခိုက်ခံရမှု နေအိမ် (၅) လုံး ထိခိုက်ပျက်စီး

ကန်ပက်လက်မြို့လေကြောင်းတိုက်ခိုက်ခံရမှု နေအိမ် (၅) လုံး ထိခိုက်ပျက်စီး
Photo - CJ
Photo - CJ

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့ပေါ်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ထိခိုက်မှုမရှိခဲ့သော်လည်း နေအိမ် (၅) လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

ဩဂုတ်လ ၁၇ ရက် မနက်ပိုင်းက နေပြည်တော်အေလာ လေတပ် မှတက်လာသည့် ဂျက်ဖိုက်တာတစင်းဖြင့် ကန်ပက်လက်မြို့ပေါ်ကို ၂ ကြိမ်ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

“မနက်ပိုင်းမှာ လာကြဲတာ လူတော့မသေဘူး။ နေအိမ်က တအားပျက်တာ တော်တော်လေးထိတယ် စာသင်ကျောင်းနား။ မြို့ထဲ မြို့လယ်ခေါင်ချတာ နေအိမ်တွေက တအားပျက်တာ၊ လုံးလုံးရစရာမရှိအောင် ပျက်တာက (၅) အိမ်၊ လူမနေတဲ့အိမ်တွေဖြစ်တယ်။ လူတွေက ဥယျာဉ်ခြံတွေမှာ စစ်ဘေးရှောင်နဲ့ နေနေကြတယ်” ဟု ကန်ပက်လက်ဒေသခံတစ်ဦးက ပြောသည်။

ချင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ကန်ပက်လက်မြို့သည် စစ်တပ် ကင်းစင်သွားပြီ ဖြစ်သော်လည်း ဒေသခံပြည်သူများသည် မြို့ထဲတွင် အနည်းငယ်သာနေထိုင်ကြပြီး အများစုမှာ စစ်ဘေး တိမ်းရှောင်နေကြရဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ (၃၁) ရက်နေ့မှစတင်ကာ စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မြို့နယ်များအား စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...