မော်ချီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူ ၃၂ ဦးရှိပြီး အပိုင်းအစဖြစ်သွားတဲ့ အမည်မသိ ရုပ်အလောင်းများလည်း ပါဝင်

မော်ချီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူ ၃၂ ဦးရှိပြီး အပိုင်းအစဖြစ်သွားတဲ့ အမည်မသိ ရုပ်အလောင်းများလည်း ပါဝင်
Photo - ဒေသခံ
Photo - ဒေသခံ

ဩဂုတ်လ ၁၇ ရက်နေ့မှာ စစ်ကော်မရှင်တပ်က ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို လေကြောင်း တိုက်ခိုက်ခဲ့မှုအတွင်းမှာ သေဆုံးသွားတဲ့ အရပ်သားပြည်သူ ၃၂ ဦးထိ ရှိလာတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အတွင်းရေးမှူး(၂) ဦးဗညားက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

သေဆုံးသွားတဲ့ ပြည်သူ ၃၂ ဦးထဲ အမည်မသိရုပ်အလောင်း ၆ လောင်းပါဝင်တယ်လို့ ဆိုပါတယ်။

ဗုံးကြဲခံရမှုကြောင့် တချို့ရုပ်အလောင်းတွေဟာ ခန္ဓာကိုယ် အပိုင်းအစတွေအဖြစ် ပြန့်ကြဲသွားတာကြောင့် မည်သူမည်ဝါမှန်း မသိရှိရသေးဘဲ သက်ဆိုင်ရာကနေ ဆက်လက် စုံစမ်းနေကြတယ်လို့ သိရှိရပါတယ်။

“သေဆုံးသူထဲ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး (၈) ဦး၊ ပိုင်ရှင်မသိ ရုပ်အလောင်း ၆ လောင်းပါရှိတယ်။ စုစုပေါင်း ၃၂ ဦး။” လို့ ဦးဗညားက ဆိုပါတယ်။

မနေ့က သြဂုတ်လ ၁၇ ရက်နေ့ မနက် ၇ နာရီ ၄၅ မိနစ် ဝန်းကျင်မှာ တိုက်နယ်ဆေးရုံ နဲ့ နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ ၁၆ ကုန်း ကို တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာပါ။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးခဲ့မှုအပြင် ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိပြီး ဆေးကုသမှု ခံယူနေကြပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မော်ချီးဒေသက အရပ်သားတွေနေထိုင်တဲ့ နေရာတွေကို ၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်ကနေ လေကြောင်းတိုက်ခိုက်မှုပေါင်း (၁၁) ကြိမ် ပြုလုပ်ခဲ့ပါတယ်။ အခုလို စစ်ရာဇဝတ်မှုမြောက်တဲ့ စစ်ကော်မရှင်ရဲ့ ကျူးလွန်မှုတွေကို ကုလသမဂ္ဂ နဲ့ အာဆီယံအပါအဝင် နိုင်ငံတကာ အစိုးရအနေနဲ့ ထိရောက်စွာ အရေးယူပေးဖို့ကိုလည်း ဒီကနေ့ ဩဂုတ်လ ၁၈ ရက်နေ့မှာ IEC က တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...