မြဝတီတွင် ဓါတ်ဆီဈေး သုံးဆ တက်

မြဝတီတွင် ဓါတ်ဆီဈေး သုံးဆ တက်

ထိုင်းဘက်နှင့် ပြည်တွင်းဘက်ကပါ စက်သုံးဆီ တင်ပို့မှု ဖြတ်တောက်ခံထားရသည့် မြဝတီမြို့တွင် ဓါတ်ဆီဈေး သုံးဆ မြင့်တက်သွားသည်ဟု မြို့ခံတို့က ပြောသည်။

ပြည်တွင်း ဘက်မှ ဆီတင်ပို့မှု မဖြစ်တောက်ခင် ယခု ဩဂုတ်လဆန်းပိုင်းက ဓါတ်ဆီ 92 တစ်လီတာလျင် ကျပ် ၃,၅၀၀ နှုန်းသာ ပေါက်ဈေးရှိသော်လည်း ယခု ဩဂုတ် ၁၈ ရက်နေ့တွင် တစ်လီတာကျပ် ၁၀,၀၀၀ နှုန်းထိ ဈေးမြင့် တက်သွားခြင်း ဖြစ်သည်။

“မြဝတီ ဆီဆိုင်တွေ ဓါတ်ဆီ 92 တစ်လီတာ ဆီမပိတ်ခင်ရက်က ၃,၅၀၀ ဘဲ၊ အခု ၁၀,၀၀၀ဖြစ်ပြီ ၅ လီတာပုံးကို ငါးသာင်းအထိ ဈေးပေါက်တယ်။ တချို့ကရင်အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့သူတွေ၊ မိသားစုတွေက မော်လမြိုင် ဆင်းပြီးဆီပေပေါ နဲ့ ဆင်းဝယ်တယ်။ မြဝတီမှာ ပြန်ရောင်းတာ တစ်ပေပါကို သိန်း၂၀ ကနေ ၂၅ သိန်း ကြား ဈေး ပေါက် နေတယ်။ တချို့ကလည်း မဲဆာက်ဘက် ကားဆီဖြည့် သွားဝယ်တယ်။ ပြီးရင်မြဝတီမှာ ဆီပြန်ဖောက်ချ ပြီး လက်လီပြန်ရောင်း နေကြတယ်” ဟု မြဝတီမြို့ခံ တစ်ဦးက ပြောသည်။

မြဝတီတွင် ယခုလို စက်သုံးဆီ ဈေးမြင့်တက်ပြီး ပြတ်လပ်နေမှုကြောင့် ဒေသခံ အခြေခံလူတန်းစားများ ဓါတ်ဆီ ဝယ်ယူရန် ခက်ခဲနေပြီး လောင်စာဆီဆိုင် တချို့၌ ခွဲတမ်းဖြင့် ရောင်းချပေးခြင်းကို တန်းစီဝယ်ယူနေရသည်။

ထို့အပြင် လုပ်ငန်းရှင်တချို့ ဓါတ်ဆီဗူးများ လှူဒါန်းမျှဝေမှုအပေါ် လိုက်လံယူဆောင်ကာ ဆိုင်ကယ်ဆီဖြည့် သွားလာနေရ သည်ဟု သိရသည်။

မြဝတီ မြို့အနီးနားရှိ တရုတ်လောင်းကစားရုံ လုပ်ငန်းများ အပါအဝင် မြို့တွင်း ဓါတ်ဆီ လိုအပ်ချက် များပြားသည့်အတွက် တစ်ပိုင်တစ်နိုင် ဆီသယ်ရောင်းချသူများလည်း များလာသည်ဟု မြို့ခံတို့က ပြောသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၆ ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံက မြဝတီမြို့သို့ စက်သုံးဆီ သယ်ယူရောင်းချခြင်း ပိတ်ပင် ထားသလို ပြည်တွင်း ဖားအံ၊ မော်လမြိုင်ဘက်မှ စက်သုံးဆီ တင်ပို့ခွင်ကို စစ်အုပ်စုက ယခုဩဂုတ် လလယ်ပိုင်းမှ စ၍ ကန့်သတ် ထားခြင်းကြောင့် ယခုလို အခက်အကြုံတွေ့နေရခြင်း ဖြစ်ကြောင်း သိရသည်။

Photo - CJ

May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...