စစ်ကောင်စီ လေကြောင်းဗုံးကြဲတဲ့ မော်ချီးမှာ ကလေးအပါအဝင် သေဆုံးသူ (၂၀) ဦးထိ ရှိလာ

စစ်ကောင်စီ လေကြောင်းဗုံးကြဲတဲ့ မော်ချီးမှာ ကလေးအပါအဝင် သေဆုံးသူ (၂၀) ဦးထိ ရှိလာ
Photo - CJ
Photo - CJ

ယမန်နေ့ ဩဂုတ်လ ၁၇ ရက်နေ့မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဖားဆောင်းမြို့၊ မော်ချီးဒေသကို လေကြောင်းနဲ့ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးအပါအဝင် (၂၀) ဦးအထိ သေဆုံးမှု ရှိလာပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေလဲ များပြားတယ်လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။

“သူများသွားသဂြိုလ်တာ (၂၀) လာက်ရှိပြီး အရေးပေါ်အခြေနေလဲ အများကြီးရှိနေတယ်” လို့ အဆိုပါ မျက်မြင်သေခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

အဆိုပါ သေဆုံးသူအရေအတွက်တွေဟာ ညနေ ၆ နာရီအထိ ရရှိတဲ့ စာရင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေများပြားတဲ့အတွက် အရေးပေါ် အခြေအနေ ဖြစ်သူတွေလဲ ရှိနေတယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိတဲ့ အရေအတွက်ကိုတော့ အတိအကျ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

“၁၆ ကုန်းကို ကြဲတဲ့အချိန်မှာလေ ကျနော့် အဖေလဲ ပါသွားတာ။ ကျနော် စိတ်မကောင်းဘူး။ ကျနော်က အဲ့မှာ မရှိနေဘူး။ ဒါပေမယ့် ကျနော်လဲ အားတင်းထားပါတယ်။” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ သြဂုတ်လ ၁၇ ရက် မနက် ၇ နာရီ ၄၅ မိနစ် ဝန်းကျင်နဲ့ နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ စစ်ကောင်စီက မော်ချီးဒေသကို ၂ ကြိမ် လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု များပြားတဲ့အပြင် နေအိမ်နဲ့ ဆေးရုံထိခိုက်ပျက်စီးမှုလည်း ရှိခဲ့တာပါ။

ပထမအကြိမ် ပစ်ခတ်မှုကြောင့် ထိခိုက်သွားတဲ့ တိုက်နယ်ဆေးရုံက အဆောက်အဦးဟောင်းဖြစ်ပြီး လူနေထိုင်မှုမရှိပေမဲ့ ဆေးရုံအနီးနားမှာရှိတဲ့ ဒေသခံ နှစ်ဦး ထိခိုက်သွားတာဖြစ်ပါတယ်။

ဒုတိယအကြိမ် ပစ်ခတ်မှုမှာတော့ ၂၀ ဦးအထိ သေဆုံးမှု ရှိလာပြီး လူနေအိမ်ပျက်စီးမှုများပြားနေတာ ဖြစ်ပါတယ်။

July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...
July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...
July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...
July 24, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းတစ်ကျောင်းတွင် လုံခြုံရေး အခြေ...