စစ်ကောင်စီ လေကြောင်းဗုံးကြဲတဲ့ မော်ချီးမှာ ကလေးအပါအဝင် သေဆုံးသူ (၂၀) ဦးထိ ရှိလာ

စစ်ကောင်စီ လေကြောင်းဗုံးကြဲတဲ့ မော်ချီးမှာ ကလေးအပါအဝင် သေဆုံးသူ (၂၀) ဦးထိ ရှိလာ
Photo - CJ
Photo - CJ

ယမန်နေ့ ဩဂုတ်လ ၁၇ ရက်နေ့မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဖားဆောင်းမြို့၊ မော်ချီးဒေသကို လေကြောင်းနဲ့ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးအပါအဝင် (၂၀) ဦးအထိ သေဆုံးမှု ရှိလာပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေလဲ များပြားတယ်လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။

“သူများသွားသဂြိုလ်တာ (၂၀) လာက်ရှိပြီး အရေးပေါ်အခြေနေလဲ အများကြီးရှိနေတယ်” လို့ အဆိုပါ မျက်မြင်သေခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

အဆိုပါ သေဆုံးသူအရေအတွက်တွေဟာ ညနေ ၆ နာရီအထိ ရရှိတဲ့ စာရင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေများပြားတဲ့အတွက် အရေးပေါ် အခြေအနေ ဖြစ်သူတွေလဲ ရှိနေတယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိတဲ့ အရေအတွက်ကိုတော့ အတိအကျ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

“၁၆ ကုန်းကို ကြဲတဲ့အချိန်မှာလေ ကျနော့် အဖေလဲ ပါသွားတာ။ ကျနော် စိတ်မကောင်းဘူး။ ကျနော်က အဲ့မှာ မရှိနေဘူး။ ဒါပေမယ့် ကျနော်လဲ အားတင်းထားပါတယ်။” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ သြဂုတ်လ ၁၇ ရက် မနက် ၇ နာရီ ၄၅ မိနစ် ဝန်းကျင်နဲ့ နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ စစ်ကောင်စီက မော်ချီးဒေသကို ၂ ကြိမ် လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု များပြားတဲ့အပြင် နေအိမ်နဲ့ ဆေးရုံထိခိုက်ပျက်စီးမှုလည်း ရှိခဲ့တာပါ။

ပထမအကြိမ် ပစ်ခတ်မှုကြောင့် ထိခိုက်သွားတဲ့ တိုက်နယ်ဆေးရုံက အဆောက်အဦးဟောင်းဖြစ်ပြီး လူနေထိုင်မှုမရှိပေမဲ့ ဆေးရုံအနီးနားမှာရှိတဲ့ ဒေသခံ နှစ်ဦး ထိခိုက်သွားတာဖြစ်ပါတယ်။

ဒုတိယအကြိမ် ပစ်ခတ်မှုမှာတော့ ၂၀ ဦးအထိ သေဆုံးမှု ရှိလာပြီး လူနေအိမ်ပျက်စီးမှုများပြားနေတာ ဖြစ်ပါတယ်။

Most read this week

January 26, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ ဝါဘန်းပလို (Leadership Promotion Department –...
January 23, 2026
ကရင်နီပြည်က ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် သုံးခုမှာ အမည်စာရင်းတင်သွင်းထားတဲ့ ရွေးကောက်ခံ...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 22, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ ရေရှားပါးမှုကို စတင်ကြုံတွေ့နေရပြီး...
ဓာတ်ပုံ - Thai PBS North
January 21, 2026
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ၊ မနက် ၁ နာရီဝန်းကျင်မှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (...