ဖရူဆိုမြို့နယ်အတွင်း လူထုတွေအနေနဲ့ လုံခြုံရေးအရ သတိနဲ့ သွားလာဖို့ တော်လှန်ရေးတပ်ဖွဲ့က သတိပေး

ဖရူဆိုမြို့နယ်အတွင်း လူထုတွေအနေနဲ့ လုံခြုံရေးအရ သတိနဲ့ သွားလာဖို့ တော်လှန်ရေးတပ်ဖွဲ့က သတိပေး

ကရင်နီပြည်၊ ဖရူဆိုမြိုနယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ အခြေစိုက် တပ်စခန်းတွေကနေ စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိပ်စိပ်ရှိနေတာကြောင့် လုံခြုံရေးအရ လူထုတွေ သတိထားသွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဖရူဆိုကနေ ဒီးမော့ဆိုဘက်ကို ဦးတည် စစ်ကြောင်း ပြန်ထိုးလာနိုင်ချေများတယ်ပေါ့၊ ခုလောလောဆယ်မှာလည်း ၅၃၁၊ ထီးကလူဒေါကြားနဲ့ ထီးကလူဒေါရွာထဲမှာလည်း လှုပ်ရှားမှု တော်တော်တွေ့ရတယ်။” သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေမှာ စစ်ကောင်စီက ဖရူဆိုမြို့နယ်အတွင်းမှာရှိတဲ့ အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်း၊ ခမရ ၅၃၁၊ ခလရ ၄၂၈ တပ်စခန်းတွေကို လေကြောင်းကနေ လက်နက်၊ ရိက္ခာတွေပို့ဆောင်ထားပါတယ်။

ဒါ့အပြင် ယခုရက်သတ္တပတ်အတွင်း စစ်ကောင်စီတပ်တွေဟာ ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေကို ဦးတည်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖရူဆိုမြို့နယ်နဲ့ နီးစပ်တဲ့ ဒီးမော့ဆိုမြို့နယ်မှာလည်း စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေရှိနေပြီး ဖြတ်သန်းသွားလာတဲ့ အရပ်သားတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ရှိနေပါတယ်။

Photo Credit - KT

Most read this week

January 26, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ ဝါဘန်းပလို (Leadership Promotion Department –...
January 23, 2026
ကရင်နီပြည်က ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် သုံးခုမှာ အမည်စာရင်းတင်သွင်းထားတဲ့ ရွေးကောက်ခံ...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 22, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ ရေရှားပါးမှုကို စတင်ကြုံတွေ့နေရပြီး...
ဓာတ်ပုံ - Thai PBS North
January 21, 2026
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ၊ မနက် ၁ နာရီဝန်းကျင်မှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (...