လက်နက်ကြီးထိမှန်ပြီး ဖားကန့်ဒေသခံ ၃ ဦး သေဆုံး၊ တိကျသော စုံစမ်းစစ်ဆေးရေးများလုပ်ရန် ကုလကို KHRW တိုက်တွန်း

လက်နက်ကြီးထိမှန်ပြီး ဖားကန့်ဒေသခံ ၃ ဦး သေဆုံး၊ တိကျသော စုံစမ်းစစ်ဆေးရေးများလုပ်ရန် ကုလကို KHRW တိုက်တွန်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲနှင့် သက်ဆိုင်မှုမရှိသည့် ကျေးရွာများကို စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖားကန့်နယ် မြောက်ဖြူရွာတွင် ယမန်နေ့ ဩဂုတ် ၃ ရက်နေ့က တဦးနှင့် ယနေ့တွင် အမျိုးသား နှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံတဦးက မဇ္ဈိမသို့ ပြောသည်။

ဖားကန့် ဒေသခံတဦးက “တိုက်ပွဲဖြစ်တာက ညောင်ပင်ကုန်းနေရာမှာ အနီးကပ်ဖြစ်တာ၊ တညလုံးကော အခုကောပဲ သူတို့လက်နက်ကြီးကျ၊ မဆိုင်တဲ့ရွာထဲတွေပါ အကုန်လှမ်းပစ်လို့ ပြည်သူတော်တော်များများ ထိကုန်ပြီ” ဟု ယနေ့နံနက်ပိုင်းတွင် မဇ္ဈိမသို့ ပြောသည်။

ဖားကန့်နှင့် ရှမ်းမြောက်ရှိ ကွတ်ခိုင်မြို့တို့တွင် စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုနှင့် အမည်မသိ လက်နက်ကိုင် အဖွဲ့တခု၏ လက်ချက်ကြောင့် ဒေသခံအရပ်သား ၁၂ ဦး သေဆုံးခဲ့ရကြောင်း ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW) က ယနေ့ ထုတ်ပြန်ထားသည်။

ဇူလိုင် ၃ ရက်နေ့၌ ဖားကန့်မြို့နယ်တွင် အမှိုက်ပုံကျေးရွာ ဘုန်းကြီးကျောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီး တဦး၊ အမျိုးသားတဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဇူလိုင် ၃၁ ရက်နေ့ မှော်စီစာကျေးရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦး နှင့် မိခင် သေဆုံးခဲ့သည်။

ဇူလိုင် ၃၀ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ရာစုသစ် ဟိုတယ် ကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေးငယ်အပါအဝင် လူ ခြောက်ဦး သေဆုံးကာ ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အမည်မသိလက်နက်ကိုင်အဖွဲ့တခု၏ ပစ်ခတ်မှုကြောင့် ဇူလိုင် ၁၀ ရက်နေ့တွင် ဖားကန့်မြို့နယ် မှော်စီစာကျေးရွာ Sky ဟိုတယ်ရှေ့၌ အမျိုးသားတဦး သေဆုံးခဲ့ကြောင်း KHRW က ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများအပေါ် ကုလသမဂ္ဂနှင့် လူ့အခွင့်အရေး ကာကွယ်ရေးအဖွဲ့များအနေဖြင့် တိကျသော စုံစမ်းစစ်ဆေးရေးပိုမို တိုးမြှင့် လုပ်ဆောင်ရန်၊ ပြည်သူများအပေါ် လက်နက်သုံးတိုက်ခိုက်မှုများ၊ ဗုံးကြဲမှုများကို ချက်ချင်းရပ်တန့်ရန်နှင့် ပြည်သူဘေးကင်းရေး ဦးစားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း KHRW က တိုက်တွန်းတောင်းဆိုထားသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...