ပန်းတင်အင်းကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီဆက်တိုက် မီးရှို့ဖျက်ဆီး

ပန်းတင်အင်းကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီဆက်တိုက် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာရှိ အများပြည်သူ နေအိမ်များကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု လောင်းလုံးမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ် ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ရှဲဒိုးက ပြောသည်။

အဆိုပါ ကျေးရွာသို့ ဇူလိုင် ၂၉ ရက်နေ့တွင် စစ်ကောင်စီက အင်အား ၁၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ အများပြည်သူနေအိမ် များကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေသည်ဟု ရဲဘော်ရှဲဒိုးက ယခုလို ပြောသည်။

“နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်မှာ ကျေးရွာအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆက်တိုက် စစ်ကြောင်းထိုးလာတယ်။ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်တာတွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်။ ပြီးတော့ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။

အဆိုပါနှစ်ဖက်တိုက်ပွဲအတွင်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ ၃၀ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု တိုက်ပွဲအတွင်း ပါဝင်သည့် ပူးပေါင်းတပ်၊ ဒူရကစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နေအိမ်များကိုမီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ပြီးနောက် နေအိမ် အတွင်းရှိ အလှူလုပ်ရန်ရည်ရွယ်ထားသည့် ငွေသားသိန်း ၃၀၀ ကျော်နှင့် ရွှေသားများကိုလည်း ယူဆောင်သွား ကြောင်း ပန်းတင်အင်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ယခုလို ပြောဆိုသည်။

“နေအိမ်တွေကို မီးမရိူ့ခင် အိမ်ထဲမှာထားခဲ့တဲ့ ငွေသားတွေကို အရင်ယူတယ်။ တန်ဖိုးရှိတဲ့ပစ္စည်းတွေကို ယူပြီးမှ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်တယ်။ အိမ်ကတော့ ၁၀ လုံးကျော်လောက်မီးရှို့ဖျက်ဆီး ခံထိသွားတယ်” ဟု ၎င်း ဒေသခံ အမျိုးသားက ကေအိုင်စီသို့ ပြောသည်။

အလားတူ တနင်္သာရီတိုင်းအတွင်း ပြီးခဲ့သည့်ဇွန်လတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ပြည်သူပိုင်နေအိမ်စုစုပေါင်း ၇ လုံးထက် မနည်း မီးလောင်ပျက်စီးခဲ့သည်ဟု သုတေသနအဖွဲ့တစ်ခုဖြစ်သည့် FE5 Thanintharyi ၏ အစီရင်ခံစာထုတ်ပြန်ထားချက်၌ ဖော်ပြထားသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...