သေဒဏ်နှင့် တသက်တကျွန်းချမှတ်နိုင်သည့် စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များဥပဒေ စကစထုတ်ပြန်

သေဒဏ်နှင့် တသက်တကျွန်းချမှတ်နိုင်သည့် စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များဥပဒေ စကစထုတ်ပြန်

စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များကို စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များ ပေါက်ကြားပါက သေဒဏ်နှင့် တသက်တကျွန်းအထိချမှတ်နိုင်သည့် စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေကို စစ်ကောင်စီက ယမန်နေ့ (ဇူလိုင် ၂၈ ရက်)က ထုတ်ပြန်သည်။

စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်(ပျူစောထီး)နှင့် တပ်ဖွဲ့ဝင်ဟောင်းများအပေါ်သက်ရောက်စေမည့် အဆိုပါ ဥပဒေ၌ အခန်းခြောက်ခန်းတွင် ပုဒ်မ ၂၃ ခုပါဝင်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ထိုးထုတ်ပြန်ထား ခြင်းဖြစ်သည်။

စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များတွင် ဗျူဟာများ၊ လေ့ကျင့်ရေးကိစ္စများ၊ ယာဥ်နှင့် စက်ယန္တရာများ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့်သက်ဆိုင်သော နည်းပညာများ၊ နည်းစနစ်များ၊ ထုတ် လုပ်တပ်ဆင်မှုပညာများ၊ သတင်းအချက်အလက်များအပါအဝင် စစ်ဘက်ဆိုင်ရာ နည်းပညာ၊ လုပ်ထုံး လုပ်နည်းများနှင့် အခါအားလျော်စွာသတ်မှတ်ထုတ်ပြန်သောအချက်များ ပါဝင်ကြောင်း သိရသည်။

စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များကို နိုင်ငံခြားတိုင်းပြည်အစိုးရများ၊ လက်နက်ကိုင်မဟုတ်သော အဖွဲ့ အစည်းများ၊ ပြည်တွင်းပြည်ပ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကလုံခြုံရေးဆိုင်ရာအဖွဲ့အစည်း များသို့ လွှဲပြောင်းနိုင်မှုမရှိစေရန်နှင့် ကာကွယ်တားဆီးရန် ပြဌာန်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းသို့ လျှို့ဝှက်ချက်များကိုထိန်းသိမ်းခြင်းအားဖြင့် အမျိုးသားလုံခြုံရေးကို အထောက်အကူပြုရန်၊ နိုင်ငံ ခြားတိုင်းပြည်များမှ စစ်ဘက်ဆိုင်ရာမဟုတ်သောအဖွဲ့အစည်းနှင့် တရားဝင်လက်နက်ကိုင်အဖွဲ့များထံ လေ့ကျင့်ပေးခြင်း ၊ ဝန်ဆောင်မှုပေးခြင်းများ မပြုလုပ်နိုင်စေရန် ရည်ရွယ်ကြောင်းသိရသည်။

ကာကွယ်ရေးဝန်ထမ်း(သို့မဟုတ်) ဝန်ထမ်းဟောင်းသည် ခွင့်ပြုချက်မရှိလျှင် နိုင်ငံခြားတိုင်းပြည်၏ စစ် ဘက်ဆိုင်ရာအဖွဲ့အစည်း၊ အစိုးရနှင့် ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းဖြင့် ဆောင်ရွက်ခွင့်မရှိဟု ဆိုသည်။

ယင်းသို့ တားမြစ်ချက်များကိုဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက သေဒဏ်နှင့် ထောင် ဒဏ်တသက် ကျခံရမည်ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များဥပဒေတွင် ဖော်ပြသည်။

“ဒီဥပဒေမှာ အတင်းကြပ်ဆုံးထိန်းချုပ်ထားတာကတော့ CDM ခေါင်းစဥ်တပ်ထားတဲ့ တပ်ပြေးတွေပဲ။ တပ် ပြေးတွေအနေနဲ့ သာမန်တပ်ပြေးမဟုတ်ဘဲ တခြား တရားမဝင်လက်နက်ကိုင်အဖွဲ့မှာ တာဝန်ထမ်း ဆောင်နေပြီး ပြန်ဖမ်းမိရင် တပ်ပြေးဥပဒေနဲ့မဟုတ်ဘဲ ဒီဥပဒေနဲ့အရေးယူမှာဖြစ်လို့ သာမန် ခွင့်မဲ့ပျက် ကွက် သုံးနှစ်၊ ငါးနှစ်အစား သေဒဏ်အထိ အကျိုးသက်ရောက်မှာဖြစ်တယ်”ဟု အမည်မဖော်လိုသည့် CDM စစ်အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

စစ်မှုထမ်းဟောင်းဖြစ်ပါက ဘဏ်လုံခြုံရေးတာဝန်ထမ်းဆောင်မှုမှအစ အခြားပုဂ္ဂလိက ကုမ္ပဏီများတွင် ရာထူးတာဝန်ယူခြင်းအဆုံး ဝန်ကြီးဌာန၏ခွင့်ပြုချက် မလွှဲမသွေ လျှောက်ထား တောင်းယူရန်လိုအပ် တော့မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

စစ်မှုထမ်းဟောင်းဖြစ်သွားသည့်တိုင် ယခု ဥပဒေက အသက်ဝင်နေမည်ဖြစ်ပြီး တာဝန်ထမ်းဆောင်ဆဲများ အနေဖြင့် ပိုမိုတင်းကျပ်စွာထိန်းချုပ်ထားခြင်းဖြစ်ကြောင်း CDM အရာရှိက ဆက်ပြောသည်။

စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်နေသော လက်နက်ကိုင်တပ်ဖွဲ့များသည် တိုက်ပွဲများတွင် အကျအဆုံးများခြင်း၊ တပ်မှထွက်ပြေးခြင်းများ အများအပြားရှိနေကာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ ပူး ပေါင်းသူများရှိနေသဖြင့် ယင်းတို့ကိုထိန်းချုပ်နိုင်ရန် ယခုကဲ့သို့ ဥပဒေများ ထုတ်ပြန်လာခြင်းဖြစ်နိုင် ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...