(၁၃) နှစ်အရွယ်ကျောင်းသားတစ်ဦးကို ရိုက်နှက်၍ ဆိုင်ကယ်လုယက်မှုဖြစ်ပွား

(၁၃) နှစ်အရွယ်ကျောင်းသားတစ်ဦးကို ရိုက်နှက်၍ ဆိုင်ကယ်လုယက်မှုဖြစ်ပွား

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရင်သောင်ကျေးရွာတွင် အသက် ၁၃ နှစ်အရွယ် ၇ တန်းကျာင်းသားတစ်ဦးကို ထုထောင်းရိုက်နှက်၍ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၂၄ ရက်နေ့ နေလည် ၁ နာရီခန့်တွင် ကရင်သောင်ကျေးရွာ ဂျောင်ပိုင်းရပ်ကွက်တွင် ဆိုင်ကယ်စီးနင်းလာသည့် အသက် ၁၃ နှစ်အရွယ်ကလေးငယ်၏ရှေ့တွင် ဆိုင်ကယ်ဖြင့် အမည်မသိအမျိုးသားနှစ်ဦးက ပိတ်ရပ်ခဲ့ပြီး အမျိုးသားတစ်ဦးမှ ၎င်းကို နေအိမ်တစ်နေရာသို့ ပို့ဆောင်ပေးရန် အကူညီတောင်းသဖြင့် ကလေးမှ လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် လူသွားလာနည်းသည့်နေရာအရောက်တွင် ဆိုင်ကယ်သော့လုပြီး ကလေးကို ရော်ဘာခြံအတွင်းသို့ ဆွဲခေါ်ကာ ကျောက်တုံးဖြင့် ရိုက်နှက်ထုထောင်းပြီး ဆိုင်ကယ်မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း ကလေးငယ်မိသားစုနှင့် နီးစပ်သူ အမျိူးသမီးတစ်ဦးက ပြောသည်။

“ကျောက်တုံးနဲ့ ထုထားတာ လက်တွေကျိုး၊ ခေါင်းတွေလဲကွဲ၊ ရိုက်တဲ့လူက ဆိုင်ကယ်မောင်းပြီး ပြေးသွားတယ်။ ခလေးက ရိုက်ခံထိပြီး အရှေ့နားမှာ ကလေးရဲ့ ဘကြီးအိမ်ရှိလို့ အိမ်ကိုရောက်အောင် သွားခဲ့တာ ရောက်လဲ‌ ရောက်တော့ ခလေးက မေ့လဲသွားတယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။

ရိုက်နှက်ခံရသည့် ကလေးငယ်၏ လက်နှစ်ဖက်လုံး အရိုးကျိုးခဲ့ရသည့်အပြင် ခေါင်းတွင် ပြင်းထန်းဒဏ်ရာရရှိသည့်အတွက် စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း ဆက်ပြောသည်။

ကလေးငယ်ကိုကုသရန် သံဖြူဇရပ်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်သော်လည်း ဒဏ်ရာပြင်ထန်နေသဖြင့် လက်မခံဘဲ မော်လမြိုင်ဆေးရုံးသို့ ထပ်မံပို့ဆောင်ထားရသည်။

ကလေးငယ်၏ ဦး‌နှောက်အတွင်းသို့ သွေးစုဝင်ကာ အက်ကွဲဒဏ်ရာများရှိနေသဖြင့် စိုးရိမ်နေရသည့်အခြေနေဖြစ်နေပြီး ယနေ့မနက်ပိုင်းတွင် ရန်ကုန်သို့ ဆေးကုသခံယူရန် စီစဉ်နေကြောင်းလည်း ဆိုသည်။

“ဦးနှောက်ထဲ သွေးဝင်တာ စုပ်ထုပ်လို့ရပေမဲ့ ခုက ဦးနှောက်အက်သွားလို့ စိုးရိမ်ရတယ်ဆိုလို့ ရန်ကုန်ဆေးရုံကို သွားခိုင်းတယ်။ လက်နှစ်ဖက်က ကျောက်ပတ်တီးစည်းထားရတယ်” ဟု အထက်ပါအမျိုးသမီးက ဆက်ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်း ခိုင်းမှု၊ လုယက်မှု၊ ဆိုင်ကယ်လုယက်မှု၊ ရွှေဆိုင်ဓါးပြတိုက်ခိုက်ခံရသည့် ဖြစ်စဉ်၊ ရွှေဆိုင်ထဲဝင်ပြီး သေနတ်ပြ ခြိမ်းခြောက်ကာ ရွှေများလုယူသွားသည့်ဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားနေပြီး တရာခံများကို ဖမ်းဆီးနိုင်ခြင်း မရှိပေ။ 

Most read this week

Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)
August 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လ...
August 4, 2026
မွန်ပြည်၊ မုဒုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲများ လုပ်ဆောင်ခဲ့သော်လည်း...
August 3, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀...
August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...