ရခိုင်တွင် ကျေးရွာပေါင်း(၉၀)မှ လူဦးရေတစ်သောင်းကျော် ရေဘေးသင့်နေ

ရခိုင်တွင် ကျေးရွာပေါင်း(၉၀)မှ လူဦးရေတစ်သောင်းကျော် ရေဘေးသင့်နေ

ရခိုင်ပြည်တွင် ကျေးရွာပေါင်း(၉၀)မှ လူဦးရေ တစ်သောင်းကျော် ရေဘေးသင့်နေပြီးစားနပ်ရိက္ခာများ၊ အမိုးအကာများ၊ မျိုးစပါးများ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုများ အရေးပေါ်လိုအပ်လျက်ရှိနေသည်ဟုလူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)မှ ဇူလိုင် ၂၂ ရက်တွင် ထုတ်ပြန်သည်။

ရခိုင်တွင် လက်ရှိ ကောက်ခံထားသောစာရင်းများအရ ဒုက္ခသည်စခန်းများအပါအဝင် ကျေးရွာ (၉၀) မှ အိမ်ထောင်စု (၃,၄၆၁) စု၊ လူဦးရေ (၁၂,၂၄၉) ဦး ရေဘေးသင့်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လအကုန်ပိုင်းမှ စတင်၍ မိုးများစွာ ရွာသွန်းမှုကြောင့် တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော အစရှိသည့် မြို့နယ်များတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ 

ရေလွှမ်းမိုးမှုကြောင့် နေအိမ်များ ပျက်စီးခြင်း၊ စပါးခင်းများ ပျက်စီးခြင်း၊ လမ်း၊ တံတားများပျက်စီး၍ လမ်းပန်း ဆက်သွယ်ရေးများ ပြတ်တောက်ခြင်းများအပြင် လူသေဆုံးမှုများပင် ဖြစ်ပွားလျက်ရှိနေပါသည်ဟု HDCO က ဆိုသည်။

လက်ရှိ ရေလွှမ်းမိုးခံရသည့်ဒေသများသို့ HDCO မှ သွားရောက်ကာ အရေးပေါ်အကူအညီများ ဆောင်ရွက်မှုနှင့် အတူ ရေဘေးသင့် အချက်အလက်များကိုပါ ကောက်ခံလျက်ရှိပြီး ရေလွှမ်းမိုးခံရသောနေရာအများစုမှာ အကူအညီများရရှိရန် လက်လှမ်းမီရန် ခက်ခဲသောကြောင့် အကူအညီရရှိမှုများ နည်းပါးလျက်ရှိကြောင်း သိရသည်။

ပြည်တွင်း၊ ပြည်ပမှ အဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) သို့ ဆက်သွယ်ကာ ထိခိုက်ခံရသောနေရာများသို့ လိုအပ်သည့် အကူအညီများ ဝိုင်းဝန်းထောက်ပံ့ပေးကြပါရန်လည်း တိုက်တွန်းနှိုးဆော်အပ်ပါသည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ - (CINCDS) သတင်းနှင့် မသက်ဆိုင်ပါ။ စစ်အုပ်စုတပ်၏ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ဖော်ပြခြင်းသာ ဖြစ်ပါသည်။
August 24, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်ရေး ပြင်းထန်နေသည့် စစ်အုပ်စု၏ ရေတပ်သည် ပေါက်တောမြို့နယ်၊ အနောက်...
August 24, 2026
စစ်အုပ်စုတပ်က အင်အားအလုံးအရင်း ဖြည့်တင်းလာပြီးနောက် ကပစ (၁၆) နှင့် ညောင်ကျိုး ပတ်ဝန်းကျင်တို့...
(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...