မြင်းခြံတွင် ပကဖ စခန်းကို စစ်ကောင်စီ ဝင်စီး၊ စစ်ကြောင်းကို လှမ်းကြည့်သည့် တောင်သူ ပစ်သတ်ခံရ

မြင်းခြံတွင် ပကဖ စခန်းကို စစ်ကောင်စီ ဝင်စီး၊ စစ်ကြောင်းကို လှမ်းကြည့်သည့် တောင်သူ ပစ်သတ်ခံရ

မြင်းခြံတွင် ပြည်သူကာကွယ်ရေးတပ်စခန်းကို ဝင်စီးရန်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို လှမ်းကြည့်သည့် တောင်သူ ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံထံက သိရသည်။

အင်အား ၂၀၀ ခန့်ပါ ထိုစစ်ကြောင်းသည် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ စံပြကျေးရွာသို့ ယနေ့ (ဇူလိုင်လ ၁၈ ရက် ) နံနက် ၆ နာရီတွင် တိတ်တဆိတ်ဝင်ရောက်လာခြင်းဖြစ်သည်။ ထို့နောက် စံပြကျေးရွာကပ်လျက် ပျော်ဘွယ်ကျေးရွာ အနောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်စခန်းငယ်ကို ဝင်ရောက်စီနင်းခြင်းဖြစ်သည်။

“တောင်သူက သူ့လယ်ထဲ သူစိုက်ပျိုးနေတာကို စစ်ကြောင်းဝင်လာတော့ ထကြည့်တာကို ပစ်သတ်ပစ်တယ်။ ပကဖစခန်းကို ဝင်စီးသွားတာ အဲ့ဒီစခန်းကလည်း ရိုးရိုးနေရုံနေတာ ပကဖလည်းသိပ်မရှိဘူး။ သူတို့(စစ်ကောင်စီ) မဝင်ရဲ၊ ဝင်ရဲနဲ့ ဝင်သွားတာ ဘတ္ထရီအိုးတွေ၊ ဆိုလာပြားတွေပါ ရိုက်ခွဲသွားတာ အခုတော့ ခွေးတွေ( စစ်ကောင်စီတပ်သားတွေ) ပြန်ဆုတ်သွားပြီ”ဟု ၎င်းက ပြောသည်။

အဆိုပါဖြစ်စဉ်မှာမှန်ကန်ကြောင်းနှင့် စခန်းအတွင်း အဖွဲ့ဝင်များမရှိ၍ စစ်ကောင်စီတပ် စစ်ကြောင်းဆုတ်ခွာ သွားကြောင်း ပကဖအဖွဲ့နှင့် နီးစပ်သူကလည်း အတည်ပြုသည်။

“အဲ့ဒီစခန်းနား မိုင်းထောင်ထားတာ အဖွဲ့တွေဘက်က ခလုတ်တော့မနှိပ်ရသေးဘူး သူတို့အခုမရှိတော့ဘူး။အခုရွာ ရှစ်ရွာလောက် ပြေးကုန်ကြပြီ၊ စစ်ကြောင်းထိုးတာကြားတာနဲ့ ဒီကို ပကဖတွေရော၊ ကာကွယ်ရေးတပ်ဖွဲ့တွေရော ရောက်နေကြပြီ” ဟု ၎င်းက ပြောသည်။

ပစ်သတ်ခံရသည့် ကိုအောင်ကိုကို(အသက် ၄၀)မှာ ယာတောထဲတွင် ပွဲချင်းပြီးသေဆုံးပြီးနောက် စံပြ၊ ပျော်ဘွယ်၊ သစ်ပင်ခြေ၊ ခင်မကန်၊ မြောက်ကုန်း၊ တဲရွာ၊ ဖုံရွာနှင့် ရွာသာရွာရှိ ဒေသခံ ဦးရေ ၁,၀၀၀ ကျော်သည် ၎င်းတို့၏ ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ဆိုသည်။

မြင်းခြံမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့က စိုးမိုးထားပြီး ကျေးရွာများကိုမူ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။

စစ်ကောင်စီတပ်အနေဖြင့် မြင်းခြံမြို့နယ်ရှိကျေးရွာများကို မကြာခဏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည် သာမက မြင်းခြံမြို့အခြေစိုက် ခမရ(၁၅)နှင့် သံမဏိစက်ရုံမှ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါးပစ်ခတ်နေခြင်း ဖြစ်သည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...