ရိခေါ်ဒါရ်မြို့က ဒေသခံအားလုံးနီးပါး နေရပ်ပြန်လာကြပြီလို့ သိရ

ရိခေါ်ဒါရ်မြို့က ဒေသခံအားလုံးနီးပါး နေရပ်ပြန်လာကြပြီလို့ သိရ

ဒေသတွင်း ချင်းလက်နက်ကိုင်အဖွဲ့အချင်းချင်းကြား ထိတွေ့တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ အိန္ဒိယ - မြန်မာ နယ်စပ်ရှိ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့က ဒေသခံတွေ အားလုံးနီးပါးဟာ နေရပ်ပြန်လာကြပြီလို့ CDF – Hualngoram က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

CDF – Hualngoram တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ စစ်ရေးဖိအားပေးမှုတွေနဲ့အတူ ဇူလိုင်လ ၁၀ ရက်နေ့ည CNO/CNDF တွေ ဆုတ်ပြေးပြီး နောက်နေ့ ဇူလိုင်လ ၁၁ ရက်နေ့ကစလို့ စစ်ဘေးရှောင်တွေပြန်လာကြပါတယ်။ လက်ရှိမှာ ကျနော်တို့ ဒေသအတွင်း ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ အုပ်ချုပ်ရေးယန္တရားတွေ ပုံမှန်ပြည်လည်ပတ်နေပြီး စစ်ပွဲကြောင့် ပြည်သူတွေကြား ထိခိုက်နစ်နာမှုတွေကို ကုစားပြီး ပြန်လည်ထူထောင်ရေးတွေကို ဆက်လက်ဆောင်ရွက်နေတယ်။ အေးချမ်းစွာနဲ့ ကျနော်တို့ Hualngoram ပြည်သူတွေ နေထိုင်ဖို့ ဆက်လက်ကြိုးစားဆောင်ရွက်နေတယ်” လို့ ပြောပါတယ်။

အိန္ဒိယ - မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကစလို့ ချင်းအမျိုးသားအဖွဲ့ချုပ် ( CNO/ CNDF ) နဲ့ CDF – Hualngoram တပ်ဖွဲ့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော်ဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ခြမ်းကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

CNO/ CNDF က HPO/ CDF – Hualngoram ထိန်းချုပ်ထားတဲ့ ရိခေါ်ဒါရ်မြို့ကို ဇူလိုင်လ ၅ ရက်နေ့က သိမ်းပိုက်ခဲ့ပြီးနောက် ဇူလိုင်လ ၁၁ ရက်နေ့ မနက်ပိုင်းမှာ ရိခေါ်ဒါရ်မြို့ကနေ ပြန်လည်ဆုတ်ခွာသွားခဲ့ကြပြီးတဲ့နောက်ပိုင်း လက်ရှိအချိန်ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေလည်း ငြိမ်သက်သွားခဲ့တယ်လို့ သိရပါတယ်။

Most read this week

ဓာတ်ပုံ - CJ
September 18, 2026
အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း တိုက်ပွဲများ အချိန်မရွေး ပြန်လည်...
ဓါတ်ပုံ - Crd
September 16, 2026
ချင်းပြည် မြောက်ပိုင်းတွင် PDF – Zoland တပ်ဖွဲ့က ထိန်းသိမ်းထားသည့် စစ်အုပ်စုတပ် စစ်သုံ့ပန်း ၈၀...
မလေးရှားနိုင်ငံ၌ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို အာဏာပိုင်များက စစ်ဆေးဖမ်းဆီးထားစဉ်။
September 14, 2026
မလေးရှားနိုင်ငံတွင် အာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို...
September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...