Published
Tuesday, July 15, 2025
နမ့်ခမ်းမြို့နယ်မှာ ရွှေလီမြစ်ရေကြီးလာပြီး သီးနှံစိုက်ခင်း ဧကပေါင်း လေးထောင်ကျော် ပျက်စီဆုံးရှုံး
− တရုတ်နိုင်ငံအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ဆည်ရေပိုတွေ ဖောက်ချလိုက်တာကြောင့် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှာ ရွှေလီမြစ် ရေကြီးလာပြီး သီးနှံစိုက်ခင်း ဧကပေါင်း လေးထောင်ကျော် ပျက်စီဆုံးရှုံးမှုရှိတယ်လို့ ဆိုပါတယ်။
− မောက်မယ်မြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က နှမ်းခင်းသွားနေတဲ့အချိန်မှာ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
− ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်မှာ တောင်သူတွေ ပြောင်းစိုက်ပျိုးပေမဲ့ အပင်မပေါက်တာကြောင့် စိုက်ပျိုးရေးအတွက် အခက်အခဲကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။






