နမ့်ခမ်းမြို့နယ်မှာ ရွှေလီမြစ်ရေကြီးလာပြီး သီးနှံစိုက်ခင်း ဧကပေါင်း လေးထောင်ကျော် ပျက်စီဆုံးရှုံး

နမ့်ခမ်းမြို့နယ်မှာ ရွှေလီမြစ်ရေကြီးလာပြီး သီးနှံစိုက်ခင်း ဧကပေါင်း လေးထောင်ကျော် ပျက်စီဆုံးရှုံး

− တရုတ်နိုင်ငံအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ဆည်ရေပိုတွေ ဖောက်ချလိုက်တာကြောင့် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှာ ရွှေလီမြစ် ရေကြီးလာပြီး သီးနှံစိုက်ခင်း ဧကပေါင်း လေးထောင်ကျော် ပျက်စီဆုံးရှုံးမှုရှိတယ်လို့ ဆိုပါတယ်။

− မောက်မယ်မြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က နှမ်းခင်းသွားနေတဲ့အချိန်မှာ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

− ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်မှာ တောင်သူတွေ ပြောင်းစိုက်ပျိုးပေမဲ့ အပင်မပေါက်တာကြောင့် စိုက်ပျိုးရေးအတွက် အခက်အခဲကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

August 31, 2026
- ဧရာဝတီမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတန်းဟာ ရွှေကူကိုရောက်လာပြီးနောက်...
August 31, 2026
- ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတဲ့ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့်...
August 30, 2026
- အာရက္ခပြည်ကို စစ်ကြောင်းထိုးမယ့် စစ်အုပ်စုတပ်က မင်းလှမှာ တိုက်ခိုက်ခံရလို့ အယောက် ၂၀ ကျော်...
August 29, 2026
- မုဒုံက ရော်ဘာစက်ရုံတွေရဲ့ အနံ့ဆိုးတွေကြောင့် ပြည်သူတွေ ကျန်းမာရေးထိခိုက်လာတယ်လို့ ဒေသခံတွေက...