ဗန်းမောက်-ဟုမ္မလင်း ကုန်စည်စီးဆင်းမှုအတွက် အရေးပါတဲ့ ချောင်းကြီးချောင်း ရေကြီး ရေလျှံမှုဖြစ်ပွားနေ

ဗန်းမောက်-ဟုမ္မလင်း ကုန်စည်စီးဆင်းမှုအတွက် အရေးပါတဲ့ ချောင်းကြီးချောင်း ရေကြီး ရေလျှံမှုဖြစ်ပွားနေ

ဗန်းမောက် – ဟုမ္မလင်းရဲ့ အဓိက ကုန်စည်နှင့် စက်သုံးဆီများ ကူးသန်းရောင်းဝယ်ရေးအတွက် အရေးပါတဲ့ ချောင်းကြီးချောင်းရေဟာ ဇူလိုင် ၇  ညပိုင်းကစလို့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

“ပစ္စည်းတွေ တန်းထိုးပြီး အမိုးပေါ်တင်ထားတယ်။ ခေါင်အမိုး ထုတ်တန်းပေါ်တင်ထားတာ။ အရင်က ကုန်တင် ကုန်ချ ကားကြီးဝင်းပဲ။ အဲ့ဒါ ခု လှေတွေ ပြည့်နေပြီ။ စက်လှေ ညက သုံးစီး ရေမြှုပ်တယ်။ ရေတက်တာ မသိလိုက် ကြဘူး။ တောင်ကြရေဆိုတာ အတက်မြန်လို့” လို့ စက်လှေပိုင်ရှင်တစ်ဦးက ပြောပါတယ်။ 

ရေကြီးရေလျှံမှုကြောင့် စက်လှေဂိတ်တွေကို ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်မဟာ ၆၁၄ က ပိတ်လိုက်ပြီး စက်လှေဂိတ်၊ ရွှေတော်စျေးတန်းနဲ့ မြစ်ကမ်းနား နေထိုင်သူတွေကို အရေးပေါ် ရွှေ့ပြောင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒီလို ရေကြီးရေလျှံမှုတွေကြောင့် စက်လှေ သုံးစီး နှစ်မြှုပ်ထားသလို ကမ်းဘေးမှာရှိတဲ့ ကုန်စည်တွေကို အရေးပေါ် ရွှေ့ပြောင်းနေရတယ်လို့ စက်လှေပိုင်ရှင်တွေက ပြောပါတယ်။ 

ရေကြီးမှုကြောင့် စက်လှေပြေးဆွဲမှု ပိတ်ပင်လိုက်တာကြောင့် ကုန်စည်စီးဆင်းမှုတွေ ခေတ္တရပ်တန့်နေတာလည်း ဖြစ်တယ်လို့ သိရပါတယ်။ 

ချောင်းကြီးချောင်းကို ၂၀၂၂ ခုနှစ်မှစပြီး မိုးရာသီမှာ ကုန်စည်တွေနဲ့ ခရီးသွားတွေအတွက်

တွင်တွင်ကျယ်ကျယ် အသုံးပြုလာနေရတဲ့ ချောင်းတစ်ခု ဖြစ်ပါတယ်။ 

ချောင်းကြီးချောင်းနည်းတူ ဟုမ္မလင်းမြို့နယ်အတွင်းက ဥရုမြစ်နဲ့ ချင်းတွင်းမြစ်တို့လည်း စိုးရိမ် ရေအမှတ်တွေနား ကပ်နေပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ 

July 27, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအနီးရှိ တရုတ်နယ်စပ် ကုန်သွယ်စစ်ဆေးရေးစခန်းကို...
July 24, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့ပေါ်သို့ နေရပ်ပြန်လည်ဝင်ရောက် နေထိုင်ကြသည့် ဒေသခံများမှာ...
July 17, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတွင် ရှမ်းနီတပ်မတော် SNA နှင့် ကချင်လွတ်လပ်ရေး...
July 16, 2026
မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည့် ဂြိုဟ်တုအခြေစိုက် Starlink အင်တာနက်များကို...