ဖားဆောင်းမြို့နယ်မှာ ပျက်ကျတဲ့ စစ်ကောင်စီ လေယာဉ်နဲ့အတူ အလောင်းနှစ်လောင်း တွေ့ရှိ

ဖားဆောင်းမြို့နယ်မှာ ပျက်ကျတဲ့ စစ်ကောင်စီ လေယာဉ်နဲ့အတူ အလောင်းနှစ်လောင်း တွေ့ရှိ

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ ခဲမဖြူကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ပျက်ကျသွားတဲ့လေယာဉ်နဲ့အတူ သေဆုံးနေတဲ့ အလောင်းနှစ်လောင်းကို ဒီကနေ့ ဇူလိုင်လ ၃ ရက်နေ့မှာ တွေ့ရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ခဲမဖြူကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ပျက်ကျနေတဲ့ လေယာဉ်ကို တွေ့တယ်လို့ပြောပါတယ်။ သေဆုံးသူ အလောင်းနှစ်လောင်းကိုလည်း တွေ့တယ်လို့ပြောပါတယ်” လို့ KNDF ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။

ပျက်ကျနေတဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးလေယာဉ်က မည်သည့်အမျိုးအစားဖြစ်ကြောင်း အတည်ပြုဖို့ ခက်နေတယ်လို့ ပြောပါတယ်။

ပျက်ကျတိုက်လေယာဉ်က တရုတ်လုပ် FTC 2000G အမျိုးအစားဖြစ်တယ်လို့ ဧရာဝတီသတင်းဌာနက ပြောထားပါတယ်။

စစ်ကောင်စီကတော့ သူတို့ရဲ့ တိုက်ခိုက်ရေးလေယာဉ်တစ်စင်းက ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းမှာ ညအချိန်ခရီးဝေး လေ့ကျင့်ပျံသန်းဆောင်ရွက်စဉ် နေပြည်တော်ရဲ့ အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာအကွာမှာ ရုတ်တရက် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်ပြီး ဆက်သွယ်မှုပြတ်တောက်သွားတယ်လို့ ဇူလိုင်လ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပျက်ကျသွားတဲ့ လေယာဉ်က စက်ချွတ်ယွင်းမှု ဒါမှမဟုတ် ရုတ်တရက် ရာသီဥတုဆိုးရွားမှုကြောင့် ဖြစ်နိုင်တယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းကာလအတွင်း ကရင်နီမှာ တော်လှန်‌ရေးတပ်က ပစ်ချခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ် ၂ စင်း၊ ရဟတ်ယာဉ် ၁ စင်းနဲ့ ပျက်ကျလေယာဉ် ၁ စင်း ရှိပါတယ်။

Most read this week

August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...
August 20, 2026
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ...
(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...