စစ်ကောင်စီ တိုက်ခိုက်မှုတွေကြောင့် ရှမ်း-ကရင်နီနယ်စပ်အပါအဝင် ကရင်နီပြည်မှာ တစ်လအတွင်း အရပ်သား ၁၀ ဦးသေဆုံးခဲ့

စစ်ကောင်စီ တိုက်ခိုက်မှုတွေကြောင့် ရှမ်း-ကရင်နီနယ်စပ်အပါအဝင် ကရင်နီပြည်မှာ တစ်လအတွင်း အရပ်သား ၁၀ ဦးသေဆုံးခဲ့

ရှမ်း-ကရင်နီနယ်စပ်အပါအဝင် ကရင်နီပြည်မှာ စစ်ကောင်စီ တိုက်ခိုက်မှုတွေကြောင့် ဇွန်လ တစ်လအတွင်း အရပ်သား ၁၀ ဦး သေဆုံးခဲ့ပါတယ်။

အဆိုပါ သေဆုံးမှု စာရင်းဟာ ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ လက်လှမ်းမီ စာရင်းတွေသာဖြစ်ပါတယ်။

သေဆုံးခဲ့တဲ့ အရပ်သား ၁၀ ဦးဟာ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး တစ်ဦးဖြစ်ကာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့က ဖယ်ခုံအရှေ့ဘက်ကမ်းက ကျေးရွာတစ်ရွာမှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် (၁၉) နှစ်အရွယ် ကျောင်းသားတစ်ဦး၊ ဇွန်လ ၂၅ ရက်နေ့က မော်ချီးမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၈ ဦးနဲ့ ဇွန်လ ၂၉ ရက်နေ့က မိုးဗြဲမြို့မှာ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဇွန်လ ၂၅ ရက်နေ့က မော်ချီးဒေသအတွင်း သေဆုံးမှုစာရင်းဟာ ၇ ဦးရှိကြောင်း သတင်းမှာ ဖော်ပြခဲ့ပေမဲ့ ဒဏ်ရာရရှိသူထဲ နောက်ထပ် တစ်ဦး ထပ်မံ သေဆုံးသွားတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့တည်ထောင်သူ ဆရာဗညားက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ထိခိုက်သူတွေထဲက နောက်ထပ်ဆုံးတယ်ဆိုတဲ့ သတင်းတော့ကြားထားတယ်။ နောက်ထပ် တစ်ယောက်ထပ်သေတယ်။ အမျိုးသား ပဲပေါ့နော်။” လို့ ဆရာဗညားက ဆိုပါတယ်။

ကရင်နီမှာ ၂၀၂၅ ခုနှစ် ၆ လသာအတွင်း အရပ်သား ၄၃ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ ဇူလိုင်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ဇွန်လ တစ်လအတွင်း အရပ်သားသေဆုံးသူ ၆၈ ဦးရှိခဲ့တယ်လို့ ဒီကနေ့ ဇူလိုင် ၃ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။

Most read this week

ဓါတ်ပုံ - KNWO
January 30, 2026
စစ်ကော်မရှင် အာဏာသိမ်းကာလအတွင်း အကြမ်းဖက်မှုပေါင်းစုံကြုံတွေ့နေရတဲ့ အမျိုးသမီးတွေ များလာပြီး...
ဘောလခဲပြည်သူ့ဆေးရုံကို သန့်ရှင်းရေးပြန်လုပ်နေကြတဲ့ စစ်ကော်မရှင်နဲ့ လက်အောက်ခံအစိုးရအဖွဲ့ဝင်တွေကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှာတွေ့ရစဥ်။ (ဓါတ်ပုံ -ခရိုင်ပြန်/ဆက်)
January 29, 2026
ကရင်နီပြည်၊ ဘောလခဲမြို့မှာ မြို့နယ်ပြည်သူ့ဆေးရုံကို ပြန်ဖွင့်ဖို့ ဆေးရုံးအနီးအနားဝန်းကျင်ကို...
January 28, 2026
ရှမ်း-ကရင်နီနယ်စပ်က မိုး‌ဗြဲမြို့မှာ လတ်တလော မြေပြင်တိုက်ပွဲ ဖြစ်ပွားမှုမရှိပေမယ့်...
ဓါတ်ပုံ-ဒေသခံ
January 27, 2026
ကရင်နီပြည်၊ ဆိုမိုဖေစိုးလေးမြို့နယ်က ကျေးရွာတွေမှာ ၁၅ နှစ်အောက် ကလေးငယ်တွေ အရေပြားရောဂါ...