စစ်ကောင်စီ တိုက်ခိုက်မှုတွေကြောင့် ရှမ်း-ကရင်နီနယ်စပ်အပါအဝင် ကရင်နီပြည်မှာ တစ်လအတွင်း အရပ်သား ၁၀ ဦးသေဆုံးခဲ့

စစ်ကောင်စီ တိုက်ခိုက်မှုတွေကြောင့် ရှမ်း-ကရင်နီနယ်စပ်အပါအဝင် ကရင်နီပြည်မှာ တစ်လအတွင်း အရပ်သား ၁၀ ဦးသေဆုံးခဲ့

ရှမ်း-ကရင်နီနယ်စပ်အပါအဝင် ကရင်နီပြည်မှာ စစ်ကောင်စီ တိုက်ခိုက်မှုတွေကြောင့် ဇွန်လ တစ်လအတွင်း အရပ်သား ၁၀ ဦး သေဆုံးခဲ့ပါတယ်။

အဆိုပါ သေဆုံးမှု စာရင်းဟာ ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ လက်လှမ်းမီ စာရင်းတွေသာဖြစ်ပါတယ်။

သေဆုံးခဲ့တဲ့ အရပ်သား ၁၀ ဦးဟာ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး တစ်ဦးဖြစ်ကာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့က ဖယ်ခုံအရှေ့ဘက်ကမ်းက ကျေးရွာတစ်ရွာမှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် (၁၉) နှစ်အရွယ် ကျောင်းသားတစ်ဦး၊ ဇွန်လ ၂၅ ရက်နေ့က မော်ချီးမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၈ ဦးနဲ့ ဇွန်လ ၂၉ ရက်နေ့က မိုးဗြဲမြို့မှာ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဇွန်လ ၂၅ ရက်နေ့က မော်ချီးဒေသအတွင်း သေဆုံးမှုစာရင်းဟာ ၇ ဦးရှိကြောင်း သတင်းမှာ ဖော်ပြခဲ့ပေမဲ့ ဒဏ်ရာရရှိသူထဲ နောက်ထပ် တစ်ဦး ထပ်မံ သေဆုံးသွားတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့တည်ထောင်သူ ဆရာဗညားက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ထိခိုက်သူတွေထဲက နောက်ထပ်ဆုံးတယ်ဆိုတဲ့ သတင်းတော့ကြားထားတယ်။ နောက်ထပ် တစ်ယောက်ထပ်သေတယ်။ အမျိုးသား ပဲပေါ့နော်။” လို့ ဆရာဗညားက ဆိုပါတယ်။

ကရင်နီမှာ ၂၀၂၅ ခုနှစ် ၆ လသာအတွင်း အရပ်သား ၄၃ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ ဇူလိုင်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ဇွန်လ တစ်လအတွင်း အရပ်သားသေဆုံးသူ ၆၈ ဦးရှိခဲ့တယ်လို့ ဒီကနေ့ ဇူလိုင် ၃ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...