စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ လောင်းလုံးရှိ ကျေးရွာ(၁၀)ရွာမှ ဒေသခံများ တိမ်းရှောင်နေရ

စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ လောင်းလုံးရှိ ကျေးရွာ(၁၀)ရွာမှ ဒေသခံများ တိမ်းရှောင်နေရ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ကျေးရွာ(၁၀)ရွာထက်မနည်းမှ ဒေသခံများ ဘေးလွတ် ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း လောင်းလုံးမြို့နယ် ဒေသခံတာဝန်ရှိသူများ၏ ပြောဆိုချက်များအရ သိရသည်။

လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဇူလိုင်လ(၁)ရက်နေ့တွင် စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် စခန်းကြီးကျေးရွာအုပ်စုနှင့် မြို့ဟောင်းကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ဒေသခံများမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေ ကြရကြောင်း ဒေသခံများက ပြောသည်။

လောင်းလုံးဒေသခံတစ်ဦးက “အခုစကစက ဒီလောင်းလုံးမြို့နယ်ထဲက ဖွားဘုတ်ပြင် ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားတယ်လို့ သိရတယ်။ ပြီးတော့ စစ်တပ်ဘက်ကနေပြီးတော့ လက်နက်ကြီးတွေ ပစ်ခတ်နေတာမျိုးတွေရှိနေတော့ အခုချိန်ထိရွာထဲကို ပြန်ဝင်လို့ မရသေးပါဘူး။” ဟု ကေအိုင်စီသို့ ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လတွင်လည်း ကညုံကျွန်းရွာတွင်သို့ စစ်ကြောင်းထိုး ဝင်ရောက်နေထိုင်သည့် ၎င်းစစ်ကြောင်းမှ စစ်ကောင်စီတပ်သားတစ်ဦးသည် ကညုံကျွန်းရွာသူ အသက် ၇၀ ကျော်အရွယ် အဘွားတစ်ဦးကို မုဒိမ်းကျင့်ခဲ့ပြီး ဒေသခံရွာသားများကိုလည်း သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ဒေသခံတာဝန်ရှိသူများ၏ ပြောဆိုချက်များအရသိရသည်။

အဆိုပါ ဖြစ်ရပ်များကြောင့် လက်ရှိတွင် ကျေးရွာအတွင်း သက်ကြီးရွယ်အိုများပါ မကျန် စစ်ဘေးတိမ်းရှောင်နေကြရပြီး ၎င်းစစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်း အမိုးအကာများနှင့် ဆေးဝါးများလည်း လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်အနီးကပ် ကူညီနေသူတစ်ဦးက  ပြောဆိုသည်။

၎င်းက “စစ်တပ်က အဲ့လိုတွေလုပ်လာတော့ ရှိသမျှလူတွေရော သက်ကြီးရွယ်အိုတွေကအစ မိုးရေထဲမှာ ရှောင်နေရတယ်။ တော၊ တောင်တွေထဲမှာ။ အဲ့တာကြောင့် တချို့ကခံနိုင်ရည်ရှိပေမဲ့ ရာသီဥတုဒဏ်ကို သက်ကြီးရွယ်အိုအများစုက မခံနိုင်တဲ့အတွက် ဆေးဝါးကအစ၊ အမိုးအကာ တွေကလည်း လိုအပ်ချက် အနေနဲ့ရှိနေတုန်းပါပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင် ရောက်လာသောကြောင့် တိမ်းရှောင် နေကြရသော ဒေသခံအရပ်သားပြည်သူများသည် အလုပ်အကိုင်ကြပ်တည်းလာသည့် အခြေအနေမျိုးနှင့် ကြုံတွေ့လာရကြောင်းလည်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်တပ်မှ စစ်ကြောင်းထိုးနေစဉ်အချိန်အတွင်း အရပ်သားဖမ်းဆီးမှုများကြောင့် မေလအတွင်း အရပ်သား (၁၃၇) ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ၆၇ ဦးသာ ပြန်လည်လွတ်မြောက်လာသေးသည်ဟု FE5 Tanintharyi အဖွဲ့၏ မှတ်တမ်းအရ သိရသည်။

Most read this week

ပုံစာ - စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပျက်စီးသွားသည့် နေအိမ်များ။
September 12, 2026
ကရင်ပြည်၊ ဖာပွန် (မူတြော်) ခရိုင်၊ ကတိုင်တိကျေးရွာအုပ်စု၊ ထီးသဲလယ်ကျေးရွာအတွင်းသို့ စစ်အုပ်စုက...
CJ (ကျုံဒိုး-ကော့ကရိတ်လမ်း ပုံဟောင်း)
September 11, 2026
ကရင်ပြည်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတစ်လျှောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့ နေရာများတွင် အခိုင်အမာ...
September 11, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်သည့် ကော်သူးလေ (ကရင်ပြည်) နယ်မြေများအတွင်း ၂၀၂၄ ခုနှစ်၊...
September 10, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်က...