ရနောင်းကနေ ကော့သောင်းကို ပြန်ပို့ခံရတဲ့ အမျိုးသားတွေ စစ်မှုထမ်းသင်တန်း ပို့ဆောင်ခံနေရ

ရနောင်းကနေ ကော့သောင်းကို ပြန်ပို့ခံရတဲ့ အမျိုးသားတွေ စစ်မှုထမ်းသင်တန်း ပို့ဆောင်ခံနေရ

ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကနေ မြန်မာနိုင်ငံ ကော့သောင်းမြို့ဆီ ပြန်ပို့ခံရသူ အမျိုးသားတွေထဲက စစ် မှုထမ်းအတွက် အကျုံးဝင်သူအားလုံး စစ်မှုထမ်းသင်တန်းကျောင်းကို ပို့ဆောင်ခံနေရတယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ထိုင်းဘက်ခြမ်းကနေ ပြန်ပို့လာတဲ့ အမျိုးသားတွေကို ကော့သောင်းအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေမှာ စုဆောင်းထားပြီးနောက် ပလောက်မြို့ အမှတ် ၁၂ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တိုင်းဗိုလ် ၁၂) ဆီ ရေလမ်းကနေတဆင့် ပို့ဆောင်ပြီး စစ်မှုထမ်းခိုင်းနေတာလို့ဆိုပါတယ်။

အခုလို မြန်မာပြည်ပြန်ပို့ခံရသူတွေကို စစ်ကောင်စီဘက်က စစ်မှုထမ်းဖို့ အတင်းစုဆောင်းနေတဲ့အကြောင်း တိုင်းဗိုလ် ၁၂ သင်တန်းကျောင်းက ထွက်ပြေးလာသူတွေနဲ့ ဒေသခံ သတင်းပေးတွေကနေတဆင့် သိရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ကော့သောင်းကနေ ပလောက်အထိ စစ်မှုထမ်းပို့ရာမှာ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကုန်းလမ်းပိုင်းကနေမပို့ဘဲ စစ်သင်္ဘောတွေကနေ ဝါတန်းလှေ၊ မီးထွန်းလှေတွေနဲ့သယ်ပြီး တိုင်းဗိုလ် ၁၂ ဆီပို့ဆောင်ကြတယ်လို့ ဆိုပါတယ်။

မကြာမီ ဖွင့်လှစ်တော့မယ့် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၄ အတွက် တိုင်းဗိုလ် ၁၂ မှာ စုဆောင်းထားသူ လူ ၁၀၀၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။

အဲဒီ သင်တန်းကျောင်းမှာ စစ်မှုထမ်းအပတ်စဉ် တစ်ခုကို လူဦးရေ ၃၀၀ နှုန်းနဲ့ သင်တန်းပေးနေတာဖြစ်ပြီး ယခု အပတ်စဉ် ၁၄ ဖွင့်လှစ်မည်ဆိုပါက စစ်မှုထမ်းသင်တန်းသား ၄၀၀၀ ကျော်ရှိလာမှာဖြစ်ပါတယ်။

စစ်သားစုဆောင်းခံရသူတွေထဲမှာ စစ်သားမလုပ်ချင်သူတွေ၊ စစ်သင်တန်း မတက်ရောက်ချင်သူတွေလည်း ရှိနေတာကြောင့် နည်းလမ်းပေါင်းစုံသုံးပြီး ထွက်ပြေးနေကြရာ မြိတ်ခရိုင်တပ်ရင်း ၁ ထံ ထွက်ပြေးအလင်းဝင်လာတဲ့ သင်တန်းသား ၆ ဦးထိရှိနေပြီး တခြားတော်လှန်ရေးအဖွဲ့တွေထံ အလင်းဝင်သွားသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။

ဓါတ်ပုံ - Asean (ပုံဟောင်း)
August 17, 2026
မြန်မာ့အရေး ဖြေရှင်းရာတွင် အာဆီယံက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ရပ်နှင့် ပတ်သက်၍ လက်ရှိ...
ဓါတ်ပုံ - (Crd - ပုံဟောင်း)
August 15, 2026
မွန်ပြည် လွှတ်တော်တွင် မော်လမြိုင်မြို့ ငွေမိုးလုပ်ငန်းစု၏ ပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို...
August 14, 2026
မော်လမြိုင် ငွေမိုးလုပ်ငန်းစုပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို မွန်ပြည်နယ်လွှတ်တော်၏...
ဓာတ်ပုံ - သံလွင်တိုင်းမ်
August 13, 2026
မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းဒေသတွင် စစ်အုပ်စုတပ်၏ လေကြောင်းရန်ကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ...